4

1.4K 112 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အပိုင်း ၄ - တာဝန်ဆုလာဘ်

ရီချန်းဂျီ၏အသံမှာ နူးညံ့သော်လည်း ခိုင်မာပြတ်သားလှ၏။ တူရိယာတစ်ခုအား ညင်သာလှပစွာ တီးခတ်လိုက်သကဲ့သို့ သူ့အသံအား အဝေးသို့တိုင် ပျံ့နှံ့သွားစေခဲ့၏။

“အင်မော်တယ်လမ်းစဥ်ကိုကျင့်ကြံမယ်ဆိုရင် မင်းနဲ့ ချစ်ခင်ရင်းနှီးရတဲ့သူတွေ မင်းအနားက တဖြုတ်ဖြုတ်ထွက်ခွာသွားတာကို ရင်နာနာနဲ့ မြင်တွေ့ရလိမ့်မယ်... သူတို့ ကြီးပြင်းလာမယ် နာဖျားမယ် ပြီးရင် သေဆုံးမယ်... မင်းနှလုံးသားထဲက ဝမ်းနည်းရမှုတွေနဲ့ သေခြင်းတရားကို ကြောက်ရွံမှုတွေကို ကျော်ဖြတ်နိုင်မလား မင်း မသိနိုင်သေးဘူး... ဒါတွေဖြစ်လာမှာကို သိသိရက်နဲ့တောင် ဒီလမ်းစဥ်ကို မင်း ကျင့်ကြံချင်သေးသလား...”

“ကျုပ် ကျင့်ကြံချင်ပါတယ်...”

“ဒီလမ်းစဥ်ထက်ကို ခြေချလိုက်ပြီဆိုတာနဲ့ မင်းသိထားရမှာက မင်းသာ လုံလောက်အောင် အစွမ်းမထက်ရင် လောကကြီးမှာ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး... မင်း လှောင်ပြောင်ခံရမယ်... အနိုင်ကျင့်ခံရမယ်... အားလုံးရဲ့အထက်မှာ နေနိုင်လောက်အောင် သန်မာသွားခဲ့ရင်လည်း မင်း အထီးကျန်ရမယ်... လူတွေက မင်းကို လေးစားကြောက်ရွံ့ကြလိမ့်မယ်... ဒါပေမယ့် မင်းအနားမှာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး... မင်း တစ်ယောက်တည်းပဲ ဆက်လျှောက်ရလိမ့်မယ်... မင်း ဆက်ကျင့်ကြံချင်သေးလား...”

“ကျင့်ကြံချင်ပါတယ်... အဲ့ဒါအပြင် ကျုပ်ဆရာသခင်နဲ့ ကျုပ် ဂိုဏ်းတော်နဲ့ ကျုပ်တစ်ယောက်တည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ပါဘူး...”

ဘယ်လောက်တောင်ထက်မြတ်လိုက်သလဲ...။

ရီချန်းဂျီတစ်ယောက် စိတ်ထဲမှ ကြိတ်ကာ သဘောကျသွား၏။

ယနေ့ပြီးလျှင် ထိုလူတစ်ယောက် ယခင်ကထက် ပို၍ ရင့်ကျက်လာပေတော့မည်။

“အရမ်းကောင်းတယ်... ဒါဆိုရင် မင်း ငါ့တပည့် ဖြစ်ချင်သလား... ငါ ရီချန်းဂျီကို မင်းရဲ့ ဆရာအဖြစ် လက်ခံချင်သလား... မင်းရဲ့နောက်ကြောင်းကိုတော့ ငါသိပြီးပြီ... မင်း လက်ခံရင် ငါ့ရဲ့အကြီးဆုံး တပည့်ကြီး ဖြစ်လာလိမ့်မယ်...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now