23

963 71 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၂၃  - ချီစွမ်းအင်ဓား။ ဓားအင်ပါယာလျှို့ဝှက်နယ်မြေ၏သော့

အဆုံးမဲ့ပင်လယ်တောင်ကြားဂိုဏ်း၏ တောင်ကြားသခင်ရှေ့တွင် အဘိုးအိုတစ်‌ဦးသည် တည်ကြည်စွာပင် ထိုင်နေလျှက်ရှိသည်။

အဆုံးမဲ့ပင်လယ် တောင်ကြားသခင်အား ကြည့်ကာ အဘိုးအိုမှ မေးလိုက်သည် -
“ကျူးယု... ဘာဖြစ်နေတာလဲ.... ဘာလို့ မင်းမျက်နှာက ဒီလောက်လေးနက်နေတာလဲ”

“ဦးရီးတော်... ဒီလိုပါ... လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ မကြာခင်က သတင်းကို ကြားရပြီး သူတို့ ဘယ်လောက်ထိ ဖုံးကွယ်ထားသလဲဆိုတာကို ကျုပ် အံ့သြ‌နေမိတာပါ...”

“သေသွားပြီလို့ ကျုပ်တို့ ထင်ခဲ့တဲ့ အရင်မျိုးဆက်က ပညာရှင်တွေဟာ ဂိုဏ်းထဲမှာ ရုတ်တရက်ပေါ်လာပြီး အန္တိမဓားဆယ်လက်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေကို တိုက်ခိုက်ခဲ့တယ်...”

“သူတို့က သူတော်စင်တစ်ပိုင်းနယ်ပယ်မှာ ရှိနေပြီဖြစ်တဲ့ လုချန်မင်နဲ့ ရင်ဆိုင်ခဲ့ကြရတယ်။”

“လျှို့ဝှက်အစွန်အဖျားဂိုဏ်းက သူ့ရဲ့တိုက်ခိုက်မှုကို တားဆီးဖို့ စာအုပ်ဝိဉာဉ်ကိုတောင် အသုံးပြုခဲ့ကြတယ်။ ကျွတ်... ကျွတ်.... စာအုပ်ဝိညာဉ်.... ဒီလောက် မှော်ဆန်တဲ့ တည်ရှိမှုမျိုး တကယ် ရှိလိမ့်မယ်လို့တောင် ကျုပ်မျှော်လင့်မထားဘူး။”

လျှို့ဝှက်အစွန်အဖျာဂိုဏ်းအား ချီးမွမ်းလိုက်ရင်းမှပင် ကျူးယု၏အမူအရာသည် ပို၍ပင် လေးနက်လာ‌လေသည်။

“ကြောက်စရာအကောင်းဆုံးကတော့ စာအုပ်ဝိညာဉ်က ရောင်စုံချီစွမ်းအင်ဓားကို အသုံးပြုခဲ့တာပဲ။ သူ့ရဲ့ ပုံသဏ္ဍာန် အတိအကျကို ကျုပ်တို့ မသိရပေမယ့် ဒီဓားရဲ့ အစွမ်းက ထူးထူးခြားခြား ဖြစ်နေလိမ့်မယ်ဆိုတာ‌တော့ သေချာတယ်။”

“ကျုပ်တို့ စုံစမ်းထောက်လှမ်းရသမျှဆိုရင် လုချန်မင်က အသတ်ခံလိုက်ရတာ မဟုတ်ပဲ အဲဒီ့ဓားနဲ့ အပြင်းအထန် ဖျက်စီးပစ်တာ ခံလိုက်ရတာပဲ။ အဲဒီ့နေရာကို သူ တစ်ခါမှ မ‌ရောက်ခဲ့ မရှိခဲ့ဖူးသလို... လုံးဝကို အစအနမကျန်အောင် ဖျက်စီးခံလိုက်ရတာ...။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now