68

635 49 0
                                    

အခန်း 68- အင်ပါယာနိုးထလာပြီ

ကောင်းကင်ကြယ်ချိပ်ပိတ်တံဆိပ်တုံးသည် ယုထျန်ရှင်း၏ နီးကပ်လာမှုကို သတိပြုမိပြီး ထူးဆန်းသော လှုပ်ရှားမှုများသည်လည်း ပို၍ပြင်းထန်လာလေသည်။

ကောင်းကင်ကြယ်ချိပ်ပိတ်တံဆိပ်တုံး၏ ပြင်းထန်သောတုန်ခါမှုများသည် ကောင်းကင်ကြယ်ချိပ်ပိတ် တံဆိပ်တုံးကို ပြောင်းလဲစေရုံသာမက မြို့တွင်းရှိ ကုန်းမျိုးနွယ်ဝင်အားလုံးနီးပါးကိုလည်း ထိတ်လန့်တုန်လှုပ် သွားစေခဲ့သည်။

ကောင်းကင်ကြယ်မင်းဆက်တွင် ကောင်းကင်ကြယ်အင်ပါယာကို ကူညီရန် မျိုးနွယ်စုများစွာရှိခဲ့သည်။

ယခုအခါ အချိန်ကာလ အပြောင်းအလဲများနှင့်အတူ အချို့ မျိုးနွယ်စုကြီးများ ပေါင်းစည်းသွားကြသည်။

ကျန်ရစ်ခဲ့သော အကြီးဆုံးမျိုးနွယ်မှာ ကုန်းမျိုးနွယ်ဖြစ်သည်။

၎င်းသည် ကောင်းကင်ကြယ်အင်ပါယာ၏ အဓိကမျိုးနွယ်လည်းဖြစ်သည်။

“ပဉ္စမမြောက်အစ်ကို ဖေးဖန်... ဘိုးဘေးခန်းမကို လာခဲ့ပါ…”

ရုတ်တရက် အသံတစ်ခုကို ကုန်းဖေးဖန် ကြားလိုက်ရလျှင် သူ အံ့ဩသွားသည်။

"ဘိုးဘေးကြီးလည်း တံခါးပိတ်ကျင့်ကြံရာက‌နေ ထွက်လာပြီလား…"

သိပ်မကြာခင်မှာပင် လူတစ်ရာကျော်ခန့်မှာ ကောင်းကင်ကြယ်မြို့တော် ဘိုးဘေးခန်းမမှာ စုဝေးမိကြသည်။

၎င်းတို့အားလုံးမှာ ကောင်းကင်ကြယ်မြို့တော်၏ ထိပ်တန်းအဆင့်များဖြစ်သည်။

အပြင်းထန်ဆုံးပုဂ္ဂိုလ်၏ အော်ရာသည် သူတော်စင်တပိုင်းနယ်ပယ်ကိုပင် ကျော်လွန်နေခဲ့သည်။

“ကောင်းကင်ကြယ်ချိပ်ပိတ်တံဆိပ်တုံးက တအားကို တုန်ခါနေတယ်… ငါမထိန်းနိုင်တော့ဘူး…။"

“ငါ စစ်ဆေးနေခဲ့တာကြာပြီ… ဒါပေမယ့် တခြားဘာမှ မတွေ့ရဘူး… ငါထင်တာကတော့ အင်ပါယာ ကောင်းကင်ကြယ်မြို့တော်နားကို ရောက်လာနေလို့ ဖြစ်မယ်လို့ ထင်တယ်…"

ပညာရှိနယ်ပယ်အဆင့်မှ ကောင်းကင်ကြယ်မြို့တော်၏ ဘိုးဘေးကြီး ကုန်းထျန်းရီ‌ ပြောလိုက်သည်မှာ ထိတ်လန့်စရာပင်ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now