162

494 31 0
                                    

အခန်း 162-မွန်မြတ်ချီစွမ်းအင်ဒိုင်းကာ

"ဟူး... ဒီမိန်းကလေးက မာနကြီးလွန်းတာ သနားစရာပဲ...."

အရှင်ကျားယုမှာ ယုထျန်ရှင်းအားလွန်စွာ အထင်ကြီးထားခဲ့သည်။

သူမ ပထမတိုက်ခိုက်မှုတွင် ထုတ်ဖော်ပြသသော ခွန်အားသည် သူမ၏ အသက်အရွယ်တွင် အံ့ဖွယ်ပင် ဖြစ်သည်။

သူမ၏ အလားအလာမှာ အကန့်အသတ်မရှိပေ။

ကျားယုသည် မူလက ဤကမ္ဘာကို မကယ်တင်နိုင်တော့သည့်တိုင်အောင် ဤကမ္ဘာကြီး ဖျက်စီးခံလိုက်ရလျှင် ယုထျန်ရှင်းကို ရုတ်တရက် ကယ်ထုတ်သွားရန်ပင် စိတ်ကူးနေခဲ့သည်။

ယုထျန်ရှင်းသည် ဤမျှ မာနကြီးလိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။ သူမသည် သွေးမီးလျှံဂိုဏ်းမှ လူများနှင့် အခြားအဖွဲ့များ ဝင်္ကပါတည်၍ ပြီးအောင်ပင် စောင့်ဆိုင်းနေခဲ့သေးသည်။

"သူမက တကယ် ငယ်သေးတာပဲ... ဒီလိုတိုက်ခိုက်မှုမျိုးကို ငါတောင် လွယ်လွယ်နဲ့ တားဆီးနိုင်မယ် မပြောရဲဘူး....”

ထိုအရည်အချင်းရှိလှသည့် ကလေးမလေးအား မကယ်တင်နိုင်မည့်အဖြစ်အတွက် သူနောင်တများရနေခဲ့သည်။

သူနှင့် အတွေးတူသူများလည်း အများအပြား ရှိနေခဲ့သည်။

လျန်ရှုရွှီ သို့မဟုတ် ဟွမ်းရှားဟန်တို့ပင် သူမအား ကယ်တင်နိုင်ရန် တွေးနေမိကြသည်။

အားနည်းသော ကျင့်ကြံခြင်းရှိသော ဟွမ်းရှားဟန်မှာ ထိတ်လန့်စွာ အော်ဟစ်နေပြီ ဖြစ်သည်။

ထိုအချိန်တွင် ယုထျန်ရှင်းသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူမ၏ တုံ့ပြန်မှုကို မြင်လိုက်ရလျှင် ဝေ့ထျန်၏ နှလုံးသားသည် တင်းကျပ်သွား၏။

"တခြား ငါတို့ ကြိုမမြင်နိုင်တဲ့ ပြင်ဆင်ထားမှုတွေ ရှိနေနိုင်လား..."

ထို့နောက် မရေမတွက်နိုင်သော ကြယ်အလင်းတန်းများ ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။

မရေမတွက်နိုင်သော ကြယ်များသည် ပြင်းထန်သော အလင်းတန်းများနှင့်အတူ လင်းလက်နေခဲ့၏။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now