184

493 30 0
                                    

အခန်း 184- ဟင်းလင်းပြင်တည်နေရာကူးပြောင်းခြင်း

သေဆုံးသွားသော ယုဝမ်ဟုန်ဖန်း၏ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော ကျောက်မျက်ရတနာတစ်ခု ရှိနေ၏။ ယုဝမ်ဟုန်ဖန်း ပျောက်ကွယ်သွားချိန်တွင် ၎င်းသည် မှိန်ဖျော့ဖျော့အလင်းအား ထုတ်လွှတ်လျှက်လေထဲတွင် ကျန်ရစ်ခဲ့‌လေသည်။

ရီချန်းဂျီမှာ ထို‌ေကျာက်မျက်မှအလင်းရောင်ဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး ခေတ္တမျှ မလှုပ်ရှားနိုင်တော့ပေ။

"ဒါ ဘာလေးလဲ...."

ရီချန်းဂျီမှာ အနည်းငယ် အံ့အားသင့်သွားပြီး ထိုထူးဆန်းသော ကျောက်တုံးကို စစ်ဆေးရန် သူ၏ ဝိညာဉ်အာရုံကို အသုံးပြုခဲ့လိုက်ရသည်။

မူလဇစ်မြစ်အတိအကျ မသိရသော်လည်း ထိုကျောက်တုံးမှ ထူထဲသော ဟင်းလင်းပြင်စွမ်းအားကို သူခံစားနိုင်မိသည်။

ရုတ်တရက် ကျောက်မျက်လေးတွင် အနက်ရောင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စုပ်ယူအားကို ထုတ်လွှတ်လိုက်၏။

ရီချန်းဂျီ၏ ခန္ဓာကိုယ်သည် ကျောက်တုံးထဲသို့ ဖြည်းညှင်းစွာ ကျဆင်းသွားတော့သည်။

တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားမိသောကြောင့် ရီချန်းဂျီ၏ ဝိညာဉ်စွမ်းအားသည် ပြင်းထန်စွာ မြင့်တက်လာကာ ရုန်းကန်ခဲ့သော်လည်း လွတ်မြောက်ရန် မစွမ်းဆောင်နိုင်ခဲ့။

“ဒါ.... မကောင်း‌တော့ဘူး...”

အခြေအနေက အရေးတကြီးဖြစ်ပြီး လောလောဆယ်မှာတော့ သူ့မှာ တခြားရွေးချယ်စရာတွေ မရှိတော့ပေ။

ရီချန်းဂျီ သူ့ခန္ဓာကိုယ်ကို လွတ်မြောက်အောင် ကြိုးစားရုန်းကန်နေရင်း သူ့အတွေးများကို ကောင်းကင်ဘုံလူသားကမ္ဘာဆီသို့ ပို့လွှတ်လိုက်သည်။

“ငါ သွားစရာတစ်ခုရှိတယ်.... အချိန်အတိုင်းအတာတစ်ခုအထိ ထွက်သွားရမယ်... ငါမရှိတဲ့အချိန်အတွင်းမှာ ယုထျန်ရှင်းက မီးသစ်တောတောင်ထိပ်ကို တာဝန်ယူထားပြီး တပည့်ကြီးအချို့နဲ့ ပူးတွဲထိန်းသိမ်းထားပါ..."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now