36

787 66 0
                                    

ငါ့တပည့်တွေရူးနေကြပြီ

အခန်း ၃၆- ကောင်းကင်ဘုံတာအို၏ အပြောင်းအလဲများ

လျှို့ဝှက်အစွန်အဖျားဂိုဏ်း။

“ဂိုဏ်းခေါင်းဆောင်... ကျုပ်တို့ဂိုဏ်းကလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်း ထင်ရှားလာခဲ့တဲ့ လူငယ် ပညာရှင်တွေကို စုံစမ်းသင့်သလား”

“စုံစမ်းကြည့်လိုက်...”

“ငါတို့ ဂိုဏ်းထဲမှာတင်မကပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ်မကျော်ကြားသေးတဲ့ အရှေ့ပိုင်းဒေသ တစ်ခုလုံးက လူငယ်တွေရဲ့ အချက်အလက်တွေကိုလည်း စုဆောင်းရမှာပဲ”

“အရင်ဘဝက ပညာရှင်တွေက လူဝင်စားပြီး ပြန်လည်မွေးဖွားလာဖို့ ဖြစ်နိုင်ချေများပေမယ့် ဒီလောက်မြန်မှာတော့ မဟုတိဘူး။”

“တကယ်အားကောင်းတဲ့ လူတချို့ဟာ အမှောင်ထဲမှာ ရှိနေတုန်းပဲ ဖြစ်ရမယ်။ သူတို့က ငယ်ရွယ်တဲ့အချိန်မှာ မထူးချွန်ပေမယ့် ကြီးပြင်းလာတာနဲ့အမျှ  သူတို့ရဲ့ ကျင့်ကြံဆင့်တွေကသည် အလျှင်အမြန်ပဲ တိုးတက်လာတာလည်း ဖြစ်နိုင်တယ်....။ ဒါကလည်း ဖြစ်နိုင်ခြေရှိတဲ့ ယူဆချက်ပဲ....”

“လက်ရှိ ငါတို့ဂိုဏ်းကလည်း ဒီလိုအခြေအနေမျိုး ကြုံနေရတာပဲ။ ပြန်ဝင်စားလာတဲ့သူက ငါတို့နဲ့ ဘာတွေ ကွာခြားမှာမလို့လဲ... ပုံမှန်လိုပဲ ရှိနေမှာပေါ့...။ အဲ့ဒီလူက ငါတို့ ဂိုဏ်းထဲမှာပဲ ရှိရမယ်.. ငယ်ရွယ်ချိန် ဂိုဏ်းထဲစဝင်လာချိန်ကတော့ ပုံမှန် သူလိုငါလို သာမာန်ဂိုဏ်းသားကနေ အသက်အရွယ် တစ်ခုရောက်ချိန်မှာ အရင်ဘဝကို ပြန်သတိရပြီး ခွန်အားပြန်ကြီးလာချိန် အကြောင်းတစ်ခုခုကြောင့် လူလုံးထွက်မပြတာပဲ ဖြစ်ရမယ်....။”

ထိုသို့ပြောပြီးနောက် ဂိုဏ်းချုပ်ဒင်မှာ သူ့အယူအဆကို သူ မကောင်းသည့် ဟာသတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်ဆိုတာ သဘောပေါက်သွားပုံရ၏။ မချိသွားဖြဲ ပြုံးကာ လက်ကို ဝှေ့ယမ်းကာ သူ့အနားရှိ တပည့်အား ထွက်သွားခိုင်းလိုက်သည်။

..

အနောက်ပိုင်းဒေသတွင်...

ရီချန်းဂျီသည် အခြားသော သူ ရရှိလာခဲ့သည်များကို စစ်ဆေးကြည့်နေခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now