131

551 40 0
                                    

အခန်း 131- ခရီးဖော်များရှာဖွေခြင်း

ကောင်းကင်ဘုံလူသားကမ္ဘာ... လျှို့ဝှက်အစွန်အဖျားဂိုဏ်း...

ယုထျန်ရှင်းသည် အားတက်သရောနှင့် တစ်စုံတစ်ခုကို ပြသရန် ရီချန်းဂျီထံသို့ ရောက်ရှိလာ၏။

"ဆရာ...! ကောင်းကင်မဏ္ဍိုင်ကြီး ပြန်လည်ဖြစ်တည်လာတာကြောင့် ကောင်းကင်နဲ့မြေကြီးက အသစ်တဖန် ပြန်လည်ဖွံ့ဖြိုးလာတာပဲ... တပည့်ရဲ့ ကျင့်ကြံမှု အရှိန်ကလည်း အရမ်းတိုးတက်လာခဲ့တယ်...!”

ရီချန်းဂျီသည် သူ၏ တတိယတပည့်မကို ကြည့်ပြီး ပြုံးလိုက်မိသည်။

အရာအားလုံးက သူ့မျှော်လင့်ချက်အတိုင်း ဖြစ်နေခဲ့သည်။

ယုထျန်ရှင်းသည် ဉာဏ်ကောင်းလွန်းပြီး သူမ၏ ယခင်ဘဝက အသိပညာများ ရှိနေခဲ့သည်။ သူမ၏ ကျင့်ကြံမှု တိုးတက်လာနေသော အရှိန်သည် အမြဲတမ်း မြန်ဆန်နေခဲ့သည်။

ယခုတွင် ကောင်းကင်နှင့်မြေကြီး၏ နိယာမများ ပိုမိုရှင်းလင်းလာပြီး ဝိညာဉ်စွမ်းအင်များ ပေါများလာသဖြင့် သူမသည် ကျင့်ကြံခြင်းအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ရရှိလာခဲ့သည်။

“လောကရဲ့ နိယာမတရားတွေကို နားလည်သဘောပေါက်တာက ကောင်းတဲ့အရာပဲ... ဒါပေမယ့် ထျန်ရှင်း... ကောင်းကင်ဘုံလူသားကမ္ဘာက ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေက အရမ်းရိုးရှင်းနေတယ်လို့ မင်း မထင်မိဘူးလား...”

သာမန်ကမ္ဘာတစ်ခုအနေနှင့်ကောင်းကင်ဘုံလူသားကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အတော်လေးနှေးကွေးသည့်အထဲတွင် ပါဝင်နေပေသည်။

သို့သော် ဤကမ္ဘာကြီးတွင် ကြီးမားသော အလားအလာရှိသည်ကိုလည်း ခံစားမိနိုင်သည်။

ပြင်ပကမ္ဘာမှ အင်ပါယာတစ်ပိုင်းတို့သည် ဤကမ္ဘာတွင် ပေါ်ထွန်းခဲ့သော အင်ပါယာ အရေအတွက်ကြောင့် အားလုံး တုန်လှုပ်သွားခဲ့ကြဖူးသည်။

ကံကောင်းစွာဖြင့် ရီချန်းဂျီသည် ဤနေရာတွင် ထွက်ပေါ်လာခဲ့သည်။ မဟုတ်လျှင် ယခုအချိန်တွင် ကောင်းကင်ဘုံလူသားကမ္ဘာမှာ သွေးမီးလျှံဂိုဏ်းမှ လူများ၏ ကျွန်ဖြစ်နေမည်မှာ သေချာပေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now