163

506 33 0
                                    

အခန်း 163- ထူးမခြားနားငြိမ်သက်နေသောကောင်းကင်ဘုံလူသားကမ္ဘာ

ဤအဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဦးနှောက်လုံးဝမရှိသည့်သူပင် တစ်စုံတစ်ရာ မှားယွင်းနေပြီ ဖြစ်သည်ကို သိနေလောက်ပေပြီ။

ကောင်းကင်ဘုံလူသားကမ္ဘာ၏ အင်အားစုများသည်လည်း အခြေအနေကို စုံစမ်းရန် ရောက်ရှိလာကြသည်။

မရေမတွက်နိုင်သော ကောင်းကင်ဘုံလူသားကမ္ဘာ၏ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ တက်ရောက်လာကြလေသည်။

ကျင့်ကြံသူအများစုသည် တိမ်များကို ဖြတ်ကျော်ပျံသန်းရန် ခွန်အားမရှိကြပေ။

၎င်းတို့ထဲမှ အများစုကို ကမ္ဘာ့အကာအရံမှ ပိတ်ဆို့ထား၏။

သို့သော် မှုန်ဝါးဝါးအကာအရံနောက်ကွယ်မှ အပြင်ဘက်ဟင်းလင်းပြင်တွင် ဖြစ်ပျက်နေသည်ကို သူတို့မြင်နိုင်ကြသည်။

ယုထျန်ရှင်းသည် ရာနှင့်ချီသောကျူးကျော်သူများကို တစ်ယောက်တည်း ရင်ဆိုင်နေရသည်။

ကောင်းကင်ဘုံလူသားကမ္ဘာ၏ အချို့သော အင်အားစုများသည် လျှို့ဝှက်အစွန်အဖျားဂိုဏ်းနှင့် အင်ပါယာလက်နက်ဝင်္ကပါ၏ အင်အားစုများထံသို့ စုံစမ်းမေးမြန်းမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဂိုဏ်းချုပ်ဒင်သည် တံခါးပိတ်ကျင့်ကြံနေချိန်တွင် အခြားသူများသည် ထို ကိစ္စများနှင့် အလုပ်ရှုပ်နေကြ‌ရလေ၏။

အကြီးအကဲချင်ခန်းသည် ဓားပျံများစွာထံမှ စုံစမ်းမေးမြန်းမှုများကို လက်ခံရရှိခဲ့သည်။

သူလည်း တုံ့ဆိုင်းမနေရဲပဲ ဘာဖြစ်နေသည်ကို သိရန် တပည့်တစ်ယောက်ကို မီးသစ်တောတောင်ထိပ်သို့ တိုက်ရိုက်သွားရောက်မေးမြန်စေသည်။

မကြာခင်မှာပင် ရီချန်းဂျီထံမှ အကြီးအကဲချင်ခန်းအား တိုက်ခိုက်ခံနေရသည့် အခြေအနေကို ပြောပြခဲ့သဖြင့် ကမ္ဘာပေါ်မှ အင်အားစုအားလုံး သိသွားခဲ့သည်။

မြင့်မြတ်နယ်မြေများ တုန်လှုပ်သွားကြသည်။

ပြင်ပလောကမှ အင်အားစုများ ထပ်မံတိုက်ခိုက်နေပြီဟု ၎င်းတို့ မမျှော်လင့်ထားပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now