86

613 42 0
                                    

အခန်း 86- ရတနာမွေးဖွားလာခြင်းနှင့် ပုဆိန်ခုတ်ချက်တစ်ချက်

ညဉ့်သန်းခေါင်မတိုင်ခင် ညဉ့်ဦးပိုင်းတွင် ဇီးချောင်းတောင်ထိပ်သည် တောက်ပနေသည့် လရောင်မှလွဲပြီး အရာအားလုံး တိတ်ဆိတ်နေခဲ့လေသည်။

ဟဲရှုရှင်း၏ သစ်လုံးတဲအပြင်ဘက်တွင်မူ သွေးပြုပြင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူ ဆယ်ယောက်ကျော် ဒူးထောက်လျက် ရှိနေသည်။ ရှုလင်သည် ခေါင်းဆောင်ဖြစ်ပြီး အဆက်မပြတ် ဦးညွှတ်နေလျှက် ရှိခဲ့လေသည်။

"မင်းတို့က ဒီကို ဘာအတွက် ရောက်လာတာ​လဲ..." သစ်လုံးတဲလေးအတွင်းမှ ဟဲရှုရှင်း၏အသံ ထွက်ပေါ်လာ၏။

"ဝိဉာဉ်ပင်လယ်နယ်ပယ်ကို ဖြတ်ကျော် ရောက်ရှိပြီး ဆရာ့ရဲ့ အယူဝါဒကို ဖြန့်ဝေဖို့အတွက် ကျုပ်တို့ တခြားဒေသတွေကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ..."

ရှုလင်မှ ဆက်ပြောသည် -

"ကျုပ်တို့ ဆရာ့ကို အရိုအသေပြုဖို့ တမင်လာခဲ့တာပါ...."

"ကောင်းပြီ... ငါ နားလည်တယ်... မင်းတို့ကိုယ်တိုင်ရဲ့ သဘောဆန္ဒအတိုင်းပါပဲ... သွားချင်ရင် သွားလို့ရတယ်..."

ဟဲရှုရှင်း၏ အဖြေသည် ထိုမျှသာဖြစ်ကာ တိကျပေသည်။

“ဒါပေမယ့် ကျုပ်တို့ရဲ့ ခွန်အားက ပြင်ပဒေသက လူတွေနဲ့ ယှဥ်ရင် အားနည်းတယ်ဆိုတာ ကျုပ်တို့ သိထားပါတယ်.... ကျုပ်တို့က ဆရာ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာ စိုးရိမ်ပါတယ်... ပြီးတော့ ဆရာ့ရဲ့ တာအိုဝါဒတွေကို မဖြန့်ဝေနိုင်မှာလည်း စိုးရိမ်ပါတယ်...”

"ဒါကြောင့် ဆရာ့ရဲ့တပည့်တွေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ ကျုပ်တို့ကို ဝိညာဉ်လက်နက်တွေ ပေးနိုင်မလားလို့ ကျုပ်တို့ မေးချင်လို့ပါ..."

ရှုလင်နှင့် အခြားသော ကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံကြိတ်လိုက်မိကြသည်။ သူတို့လုပ်ရပ်မှာ မည်မျှ အရှက်မဲ့သည်ကို သူတို့ကိုယ်တိုင်လည်း သိကြပေသည်။

“အိုး.. ဆင်းရဲမွဲတေလှတဲ့ငါ့မှာ မင်းတို့ကို ပေးစရာ ဝိဉာဉ်လက်နက်ကောင်းကောင်း မရှိဘူး... ဒါပေမယ့် မင်းတို့အတွက် ငါ့မှာ စကားတစ်ခွန်းတော့ရှိတယ်..."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now