110

587 42 0
                                    

အခန်း 110- မုယုံမိသားစု၏ အကြောင်းပြချက်

"မုယုံ မိသားစုက ဘာလို့ လျှို့ဝှက်အစွန်အဖျားဂိုဏ်းကို ရုတ်တရတ်ကြီး ထောက်ခံသွားရတာလဲ..."

ဟောင်ဝုဘုရင်မင်းမြတ်သည် မြင့်မြတ်နယ်မြေညီလာခံတွင် မယုံကြည်နိုင်စွာ မေးမြန်းနေခဲ့၏။

မုယုံမိသားစုသည် လျှို့ဝှက်မိသားစုဟု သတ်မှတ်ထားကြသည်ဆိုသော်လည်း အခြားသူများမှာ ၎င်းတို့အား မြင့်မြတ်နယ်မြေအင်အားစုတစ်ခုအဖြစ် အမြဲဆက်ဆံခဲ့ကြသည်။

အမှန်တွင် အင်ပါယာပေါ်ထွန်းခဲ့ဖူးသည့် မြင့်မြတ်နယ်မြေများမှလွဲ၍ အခြားမြင့်မြတ်နယ်မြေများ၏ အဆင့်သည် မုယုံမိသားစုထက် များစွာ နိမ့်ကျပေသည်။

လွန်ခဲ့သည့် နှစ်များစွာက ဓားအင်ပါယာ ကွယ်လွန်သွားသောအခါ ကမ္ဘာပေါ်တွင် အင်ပါယာအဆင့်တစ်ယောက်မျှ မကျန်တော့ပေ။

ထိုအခါ အင်ပါယာတစ်ပိုင်းအဆင့်များစွာရှိသည့် မုယုံမိသားစုသည် လက်တွေ့အားဖြင့် အားအကောင်းဆုံးသော အင်အားစုများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

အကယ်၍ အင်ပါယာရှိခဲ့ဖူးသည့် မြင့်မြတ်နယ်မြေများတွင် ဝှက်ဖဲအဖြစ် အင်ပါယာအဆင့်လက်နက်ပစ္စည်းများရှိခြင်းကြောင့် မဟုတ်ပါက မုယုံ မိသားစုသည် ကမ္ဘာကြီးတွင် အခိုင်မာဆုံး မြင့်မြတ်နယ်မြေဖြစ်လာမည်မှာ သေချာပေသည်။

"ငါတော့ သေချာမသိဘူး... မုယုံ မိသားစုနဲ့ ဆက်ဆံရတာ အတော်ရှားပါးတာပဲ...”

ပင်လယ်ဘုရားကျောင်းသခင်မ လီယွမ်ယင်မှ ဖြေ၏။

" ကောင်းကင်အမွေအနှစ်မျှော်စင်သခင်... ဒီအကြောင်း တစ်ခုခုသိလား..."

နောက်ဆုံးတွင် အားလုံး၏ အားကိုးရာမှာ ကောင်းကင်အမွေအနှစ်မျှော်စင်၏အရှင် ဖြစ်နေဆဲ ဖြစ်သည်။

သို့သော် သူတို့အား အံ့အားသင့်စေသည်မှာ ဤတစ်ကြိမ်တွင် ကောင်းကင်အမွေအနှစ်မျှော်စင်၏သခင်သည်ပင် အခြေအနေအတိအကျကို မသိခဲ့ပေ။

“မုယုံ မိသားစုက လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့မရဘူး... သူတို့ရဲ့ အခြေအနေကို ကျုပ်လည်း ဘာမှ မသိဘူး...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now