111

567 43 0
                                    

အခန်း 111- ကောင်းကင်မဏ္ဍိုင်ကြီးကို စတင်ပြုပြင်ခြင်း

“မြင့်မြတ်နယ်မြေတွေ... ဟ ဟ... ဘာတွေပဲဖြစ်ဖြစ် သူတို့နဲ့တော့ လက်ပြန်မတွဲနိုင်တော့ဘူး..."

“လုပ်ခဲ့တဲ့သူတွေအနေနဲ့ မျက်စိတစ်မှိတ်အတွင်း လုပ်ခဲ့တာတွေကို မေ့သွားပြီ... ငါတို့က ခံလိုက်ရတဲ့သားကောင်တွေဆိုတော့ ဘယ်လိုလွယ်လွယ်နဲ့ မေ့နိုင်မှာလဲ...”

မုယုံရှန်း၏ မျက်လုံးများတွင် အမုန်၏မီးတောက်များ တောက်လောင်နေ၏။

"ဒီတစ်ခါ လျှို့ဝှက်အစွန်အဖျားဂိုဏ်း အင်ပါယာရဲ့အကူအညီနဲ့ မုယုံမိသားစုက မင်းတို့ကို ပြန်ပေးဆပ်စေရလိမ့်မယ်..."

မုယုံမိသားစု၏ အစီအစဉ်တွင် ရီချန်းဂျီ ကျရှုံးရန် ရည်မှန်းထားခဲ့ကြသည်။

မုယုံမိသားစုသည် လျှိုံဝှက်အစွန်အဖျားဂိုဏ်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ၎င်းတို့၏ရိုးသားမှုကိုပြသရန် သူတို့စုဆောင်းထားသော ရတနာအားလုံးနီးပါးကို လွှဲပြောင်းပေးအပ်ခဲ့သော်လည်း ၎င်းတို့တွင် အခြားအစီအစဉ်များရှိနေဆဲဖြစ်သည်။

မှန်သည် သူတို့မှာ တခြားအစီအစဉ်များ ရှိနေခဲ့သည်။

သူတို့၏ အစီအစဉ်သည် မြင့်မြတ်နယ်မြေများအစည်းအဝေးမှ မြင့်မြတ်နယ်မြေသခင်များ ထင်မြင်ယူဆထားသည့်အတိုင်းပင် ဖြစ်သည်။ ယခုချိန်တွင် သူတို့ကို ရီချန်းဂျီအား ဦးဆောင်စေပြီး ကျွမ်းကျင်သူများစွာက ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

ချီဟွမ်းမျိုးနွယ်၊ အင်ပါယာတစ်ပိုင်းအဆင့်ဧည့်အကြီးအကဲများ သို့မဟုတ် မုယုံမျိုးနွယ်၏ အင်ပါယာတစ်ပိုင်းအဆင့်ငါးယောက်... ထိုအင်အားသည် မြင့်မြတ်နယ်မြေများ မဟာမိတ်အဖွဲ့ကို ဂရုစိုက်စရာမလိုပေ။

မဟာမိတ်အဖွဲ့တွင် အင်ပါယာအဆင့်လက်နက်ဝင်္ကပါ ရှိလျှင်ပင် ထိုမျှအားကောင်းသော အင်ပါယာတစ်ပိုင်းအဆင့်များအဖွဲ့ကို မြင့်မြတ်နယ်မြေများမှ တားဆီးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် မုယုံရှန်းသည် ရီချန်းဂျီ ကောင်းကင်မဏ္ဍိုင်အား သန့်စင်ခြင်းကို လက်လျှော့အရှုံးပေးစွန့်လွှတ်ရန် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now