19

948 69 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၁၉ - လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ ဧည့်သည်များ

ဝမ်မင်တို့ စကားစမြည်ပြောနေကြစဉ်မှာပင် သူတို့လူစုသည် မြို့ထဲသို့ရောက်ရှိလာပြီး ထိုနေရာရှိ အကောင်းဆုံး တည်းခိုခန်းတစ်ခုကို ဝင်ကာ နေရာယူလိုက်ကြသည်။ ထို့နောက် တည်းခိုနေလက်စ ဧည့်သည်အားလုံးကို ထွက်သွားခိုင်းလိုက်လေသည်။

တည်းခိုခန်းပိုင်ရှင်နှင့် အစောင့်များမှာ အစက ထို့သို့မလိုလားသော်လည်း ဝမ်ချန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးမှာ သူ၏ ခွန်အားတစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ကာ တည်းခိုခန်းအတွင်းရှိ လူအားလုံးကို မြေကြီးပေါ်သို့ ပြားပြားဝပ်နေအောင် ဖိနှိပ်ပြခဲ့သည်။

ပြီးနောက် လအတော်ကြာ တည်းခိုခန်းတစ်ခုလုံးကို ငှားထားရန် လုံလောက်သော ရွှေစများကို ထုတ်ပေးလိုက်သည်။

ဝမ်ချန်းဂိုဏ်းမှာ ပြောရလျှင် ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ သူတို့၏နာမည်ဂုဏ်သတင်းကြောင့် ဤကဲ့သို့ အသေးအမွှားကိစ္စများကို သာမာန်လူများအနေဖြင့် ထုတ်မပြောရဲကြပေ။

ထို့နောက် ဝမ်ချန်းဂိုဏ်းမှာ ကောင်းကင်တာအိုဂိုဏ်းဖြစ်ကြောင်း ကြေငြာပြီး အခြားသူများကို ငြင်းဆန်ရန် ခွင့်မပြုဘဲ ဒေသတဝိုက်ကို စတင်စစ်ဆေးခဲ့တော့သည်။

မှန်သည်။ သူတို့နှင့် တူညီသည့် အဆင့်အတန်းရှိသောမြင့်မြတ်သည့် ဂိုဏ်းများသည်တော့ ဤ အစစ်ဆေးခံ စာရင်းတွင် ပါဝင်ခြင်းမရှီပေ။

ဝမ်ချန်ဂိုဏ်းအဖွဲ့များမှာ ခေတ္တအနားယူကာဆွေးနွေးမှုများအပြီးတွင် ထိုဒေသတဝိုက် အနီးအနားရှိ အကြီးဆုံးဂိုဏ်းဖြစ်သော လျှို့ဝှက်အစွန်အဖျား ဂိုဏ်းသို့ လူများကို တိုက်ရိုက်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက်တွင်တော့ ဝမ်ချန်းဂိုဏ်းမှာ အချိန်နဲ့ ကြိုးစားအားထုတ်မှု များစွာအသုံးပြုကာ ဖြည်းဖြည်းချင်း အချက်အလက်စုဆောင်းနေခဲ့ကြသည်။ ဒေသခံ “မြွေ” ဖြစ်သော လျှို့ဝှက်အစွန်အဖျားဂိုဏ်းသည် သူ့ပိုင်နက်ရှိ အရာများစွာကို သေချာပေါက် သိနိုင်မည်ဖြစ်သည်။ ထို့အပြင် ဝမ်ချန်းဂိုဏ်း ပထမအကြီးအကဲ၏ တွက်ချက်မှုများအရ ကောင်းကင်ပြစ်ဒဏ်သည် အရှေ့ဘက်ဒေသ၏ လျှို့ဝှက်အစွန်အဖျားဂိုဏ်းနှင့် ဆက်စပ်နေလေသည်။
...
နောက်တစ်နေ့တွင် လျှို့ဝှက်အစွန်အဖျားဂိုဏ်းတွင် ဂိုဏ်းချုပ်၊ ခန်းမအကြီးအကဲများနှင့် အခြားခေါင်းဆောင် များစွာတို့သည် အလယ်ပိုင်းဒေသမှ လူများကို လက်ခံကြိုဆိုရန် ပင်မခန်းမဆီသို့ ရောက်ရှိနေကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now