153

516 34 0
                                    

အခန်း 153- တောင်ဝင်ရိုးစွန်မှအပေါက်ကြီးအားပြုပြင်ခြင်း

သွေးနတ်ဆိုး၏အမူအယာမှာ သိပ်မတည်ငြိမ်တော့ပေ။

မဟာမိတ်ဂိုဏ်းရှစ်ခုမှာ တိုက်ရိုက်ပြောခြင်းမရှိသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်များမှာ ထင်ရှားပေသည်။

တကယ်တမ်းတွင် ၎င်းတို့ နတ်ဆိုးအဖွဲ့၏ အင်အားသည် နှစ်ပေါင်းများစွာ ပြင်ပလောကမှ ကောင်းကင်နတ်ဆိုးများကို ခုခံတိုက်ခိုက်ခဲ့သော လူသားဂိုဏ်းများထက် များစွာလျော့နည်းနေခဲ့သည်။

၎င်းတို့ကြောင့် တောင်ဝင်ရိုးစွန်းအပေါက်ကို ပြုပြင်မှု နှေးကွေးသွားပါက လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာ၏ မကျေနပ်မှုကိုခံရမည်ဖြစ်သည်။

သွေးနတ်ဆိုးသည် လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ အင်ပါယာသည် စကြဝဠာအား ဖြတ်ကျော်ပြီး ဆေးဝါးမျှော်စင်ကို တိုက်ရိုက်ဖျက်စီးပစ်ရန် ကောင်းကင်ရေလကြေးမုံရေတံခွန်ကို အသုံးပြုနိုင်ကြောင်း သတိရမိလိုက်သည်။

ဆေးဝါးမျှော်စင်ပြိုလဲသွားသည်ကို မြင်ခဲ့ရသည့်မြင်ကွင်းကို သူပြန်တွေးမိပြီး တုန်လှုပ်ခြောက်ခြားသွားမိသည်။

သွေးနတ်ဆိုး၏ အမူအယာကိုမြင်လျှင် စစ်မာလဲ့ သူလိုချင်သည့်နေရာကို ရောက်သွားပြီကို သိလိုက်သည်။

မကြာခင်မှာပင် အသင်္ချေပန်းကမ္ဘာကြီးတစ်ခုလုံး လျင်မြန်စွာ ပြောင်းလဲလာ၏။

မရေမတွက်နိုင်သော ရတနာပစ္စည်းများကို အစီအရင်ပညာရှင်များနှင့် ပန်းပဲပညာရှင်များ အဖွဲ့အသီးသီးထံ ပို့ဆောင်ပေးခဲ့သည်။

ဤအခိုက်အတန့်တွင် ၎င်းတို့သည် မည်သို့သောအင်အားစုမှ ဖြစ်စေ အားလုံးသည် တစ်ခုတည်းသော ပန်းတိုင်ဆီသို့ ဦးတည်ရွေ့လျားနေကြလေသည်။

ရှုပ်ယှက်ခတ်မှုများကြားမှပင် အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွား၏။

ယနေ့....။

အသင်္ချေပန်းကမ္ဘာ၏ ကျင့်ကြံခြင်း အထက်နယ်ပယ်သုံးခုမှ ပုဂ္ဂိုလ်ကြီးများအားလုံးနီးပါးသည် တောင်ဝင်ရိုးစွန်း၏ အပေါက်ကြီးအောက်ခြေသို့ ရောက်ရှိနေကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now