182

486 29 0
                                    

အခန်း 182- မဟာနတ်ဆိုးမီးလျှံ

ကြောက်မက်ဖွယ်ကောင်းသော ဓားမိုးရွာသွန်းမှု၏ ပြင်းထန်သော တိုက်ခိုက်မှုအပြီးတွင် ကမ္ဘာ့အကာအရံ၏ စွမ်းအင်များသည် လျင်မြန်စွာ ကုန်ခမ်းသွားခဲ့၏။

ထိုတိုက်ခိုက်မှုကြောင့် အကာအရံအစီအရင်၏ စွမ်းအင် ဆယ်ပုံတစ်ပုံ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ရီချန်းဂျီ အကြမ်းဖျင်းတွက်ချက်ခဲ့လိုက်သည်။

နတ်ဘုရားအဆင့် ပညာရှင်တစ်ဦး၏ ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ရီချန်းဂျီ သူ့လက်ကို မြှောက်လိုက်သည်နှင့် ကမ္ဘာ့အကာအရံ၏ ဒေသအသီးသီးမှ အစိတ်အပိုင်းအသီးသီးတွင် အားဖြည့်ထားသည့် သံလိုက်လိပ်လျှို့ဝှက်ဆန်းကြယ်ဒိုင်းကာအစီအရင်အားလုံး အရှေ့ပိုင်းဒေသသို့ ရောက်ရှိလာခဲ့သည်။

အရှေ့ပိုင်းဒေသရှိ ကမ္ဘာ့အကာအရံတစ်ခုလုံး၏ ခုခံစွမ်းအားသည် အလွန်တရာကြီးမားသောအဆင့်သို့ မြင့်တက်လာခဲ့လေသည်။

ယုဝမ်ဟုန်ဖန်း၏အမူအရာတွင် ထိတ်လန့်မှုနှင့် မသေချာမှုတို့ ဖြစ်သွားခဲ့သည်။

ဤကမ္ဘာကြီး၏ အနေအထားသည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။

သူ့တွက်ချက်မှုများအရဆိုလျှင် ယခုအချိန်လောက်ဆိုလျှင် ကမ္ဘာအကာအရံကို ဖြတ်ကျော်သွားနိုင်သင့်လေပြီ။

ဤကမ္ဘာ့အကာအရံကို သူပထမဆုံးမြင်ဖူးသောအခါ ဤအကာအရံသည် သဘာဝအတိုင်း ပေါ်လာခြင်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

ထို့ကြောင့် အနည်းဆုံး ကမ္ဘာ့အကာအရံကို သန့်စင်ပေးနိုင်သည့် တည်ရှိမှုတစ်ခု ဤ ကမ္ဘာကြီးတွင် တည်ရှိနေသည်ဟု ဆိုလိုပေသည်။

ထိုသို့သော ပညာရှင်၏ စွမ်းအားသည် အနည်းဆုံး နတ်ဘုရား အဆင့်တွင် ရှိရမည်။

၎င်းမှာ သူ မျှော်လင့်ထားသည်ထက်ပိုနေသေးသော်လည်း ကောင်းကင်ဘုံလူသားကမ္ဘာမှ နတ်ဘုရားတစ်ပါးကို သတ်ရန် ယုံကြည်မှုရှိနေဆဲဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now