150

525 36 0
                                    

အခန်း 150- တပည့်သစ်

ရီချန်းဂျီ တိမ်များကို ဖြတ်ကျော်ကာ ပြင်ပဟင်းလင်းပြင်ထဲသို့ ရောက်ရှိလာ၏။

သူ့ရှေ့တွင် ကြယ်လေးတစ်ပွင့်ရှိနေလေသည်။

၎င်းသည် အာကာသထဲတွင် ငြိမ်သက်စွာ ပျံဝဲနေပြီး ကောင်းကင်ဘုံလူသားကမ္ဘာနှင့်အတူ ဖြည်းညှင်းစွာ ရွေ့လျားနေလျှက်ရှိ၏။

အစီအရင်၏ တိုက်ခိုက်ထားမှုကြောင့် ၎င်း၏ မျက်နှာပြင်ပေါ်တွင် အပေါက်များစွာရှိနေခဲ့သည်။

သို့သော် ရီချန်းဂျီ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လျှင် ဤကြယ်သည် ပြင်းထန်သောအလင်းတန်းများစွာ၏ တိုက်ခိုက်မှုကြောင့် ကြီးစွာသောထိခိုက်မှုကို ခံစားထားခဲ့ရကြောင်း သူရှာဖွေတွေ့ရှိခြင်း မရှိပေ။

အလင်းတန်းဖြင့် တိုက်ခိုက်ခံလိုက်ရသော အခြားကြယ်များသည် ကွဲကြေနေပြီဖြစ်သည်။ ထိုကြယ်များထဲတွင်ပင် အလင်းတန်းဖြင့် အသတ်ခံရပြီး ပြာဖြစ်သွားသည့် ကောင်းကင်နတ်ဆိုးများစွာ ရှိသေးသည်။

သူတို့နှင့် ယှဉ်လိုက်လျှင် သူ့အရှေ့တွင် အလင်းပျပျလေး ဖြာထွက်နေသည့် ဤကြယ်ပွင့်ငယ်လေးသည် တခြားကြယ်များနှင့် မတူခြားနားနေသည်မှာ ထင်ရှားနေသည်။

ရီချန်းဂျီ နတ်ဘုရားအာရုံများအား ကြယ်၏အတွင်းပိုင်းသို့ ဆက်လက်ပျံ့နှံ့စေလိုက်သည်။

အလွန်လျင်မြန်စွာပင် သူသည် ဤကြယ်အတွင်းမှ သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ထိုစဥ်မှာပင် ကြယ်ကလေးအတွင်းမှ အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာ၏။

အလင်းနှင့်အတူ ကြောက်ရွံ့မှု ခံစားချက်တစ်ခုလည်း သူရလိုက်သည်။

ထိုခံစားချက်ကို ခံစားလိုက်ရသဖြင့် ရီချန်းဂျီအနည်းငယ် အံ့သြသွားမိသည်။

"ဒါဆို ဒီအရာက အသက်ရှင်နေသေးတာလား... အဲဒါ ဘာကြီးလဲ..."

သူ့ရှေ့မှ ဤသက်ရှိ၏ မူလဇစ်မြစ်ကို အနည်းငယ် သိချင်သွားခဲ့သည်။

သူ၏ ခန့်မှန်းချက်မှာ ဤသက်ရှိအတွက် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိတော့သည် ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now