179

530 32 0
                                    

အခန်း 179- အင်အားကြီးပုဂ္ဂိုလ်များ၏အာရုံစိုက်မှု

လျိုတောင်တန်းကမ္ဘာ နယ်မြေသခင်ကြီး၏ ခန်းမဆောင်။

ကမ္ဘာတစ်ခုလုံးရှိ တစ်ဦးတည်းသော နတ်ဘုရားအဆင့်ပညာရှင်ကြီး လီယုထျန်သည် လျိုတောင်တန်းကမ္ဘာ၏ အားအကောင်းဆုံး တည်ရှိမှုဖြစ်ပြီး လက်ရှိတွင် နောက်ဆုံးရရှိသောထောက်လှမ်းရေးသတင်းကို စစ်ဆေးနေလျှက်ရှိသည်။

မိုးပြာရောင်ပိူးသား အပေါ်၀တ်ရုံတစ်ခုထည်းကိုသာ ဝတ်ဆင်ထားပြီး လှစ်ဟနေသော ခါးတစ်ဝိုက်တွင် အနက်ရောင် ကျားတက်တူးတစ်ခုရှိနေလေသည်။

လေတိုက်တိုင်းလွင့်နေသော ဆံပင်ရှည်တို့အား ဖြန့်ချထားလျှက်ရှိပြီး ခိုင်မာတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက် ရှိ၏။ ထိုလူကြီးမှာ တကယ်ကို ခံ့ညားသည့် အသွင်အပြင်ရှိပေသည်။

သူ့ခန္ဓာကိုယ်တွင် အထင်ရှားဆုံး ရှိသည့်အရာမှာ သူ့မျက်လုံးများပင် ဖြစ်သည်။

သူ့မျက်လုံးများမှာ ရှေးဟောင်းရေကန်များလို နက်ရှိုင်းနေပြီး ခန့်မှန်းရခက်စွာနှင့် ကမ္ဘာကြီးတစ်ခုလုံးကိုပင် ထွင်းဖောက်မြင်နိုင်သည်ဟု ထင်ရပေသည်။

လီယုထျန်သာ ရီချန်းဂျီ ၏ မျက်လုံးများကို ပထမဆုံးမြင်ရလျှင်လည်း သူလည်း ထိုသို့သာ ခံစားရပေလိ့မ်မည်။

ဒေါက်... ဒေါက်... ဒေါက်....

လီယုထျန်၏ လက်ချောင်းများက ကုလားထိုင်၏ လက်ရမ်းကို ဖြည်းညှင်းစွာ ခေါက်နေ၏။

“ကောင်းကင်ဘုံလူသားကမ္ဘာလို့ ခေါ်တဲ့ ဒီနေရာက တကယ့်ကို ထူးခြားတယ်... သွေးမီးလျှံဂိုဏ်းနဲ့ နောက်ကွယ်က အင်အားစုတွေရဲ့ အာရုံစိုက်မှုကို ရရှိတာ မထူးဆန်းဘူး....”

"ဒီကမ္ဘာကြီးရဲ့ အင်အားအဆင့်သတ်မှတ်ချက်က မဟာကမ္ဘာကြီးထက် အားမနည်းမှာကိုတောင် စိုးရိမ်ရတယ်...."

ကောင်းကင်ဘုံလူသားကမ္ဘာသည် မျက်မြင်အရတွင် နတ်ဘုရားအဆင့်တည်ရှိမှုတစ်ဦးရှိမနေခဲ့ပေ။

သို့သော်လည်း လက်ရှိ အင်ပါယာနှစ်ပါးသည်ပင် လုံလောက်သော စွမ်းအားရှိနေပြီဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now