196

481 31 0
                                    

အခန်း 196- နတ်ဆိုးကြင်ရာတော်မြို့သို့ခရီးထွက်ခြင်း

“တကယ်လို့ ဒီက စီနီယာသာ ကျွန်မတို့ဆီကို ရောက်လာမယ်ဆိုတာကို နတ်ဆိုးဘုရင် သိရင် သူ အရမ်းပျော်သွားမှာ သေချာတယ်...” စူးယွဲ့မင် စိတ်လှုပ်ရှားစွာပြောလိူက်သည်။

"ဒါဆို ကျုပ် ကြယ်စင်စုမြို့တော်ကိစ္စနဲ့ ပတ်သက်ပြီး အနီးအနားက ချုံပုတ်တွေကို မရှင်းတော့ဘူး... အရှေ့ဘက်ဒေသရဲ့ နတ်ဆိုးဘုရင်စံအိမ်ကို ဒီနေရာက ဓာတ်သတ္တုကြောတွေကို ရောင်းချင်ပါတယ်...”

"ကိစ္စမရှိပါဘူး..." စူးယွဲ့မင် မဆိုင်းမတွ သဘောတူလိုက်သည်။

“ကျွန်မတို့က ဈေးကွက်ပေါက်ဈေးထက် ပိုမြင့်တဲ့ဈေးနဲ့ ဝယ်ပါမယ်... စီနီယာ ဘယ်လိုသဘောရပါသလဲ..."

“ကောင်းပါတယ်...”

ရီချန်းဂျီ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"စီနီယာ... အဲဒီအတွက် အဖိုးအခတွေက ရတနာပစ္စည်းတွေလိုချင်ပါသလား... ဒါမှမဟုတ် နတ်ဆိုးအင်ပါယာကမ္ဘာသုံးဒင်္ဂါးတွေကို လိုချင်ပါသလား..."

"ပစ္စည်းတွေပဲ... အရည်အသွေး မြင့်နိုင်သမျှ အမြင့်ဆုံးတွေပဲ ‌ပေးပါ..."

ထိုအဖြေသည် စူးယွဲ့မင်၏ ခန့်မှန်းချက်အတိုင်းသာဖြစ်သည်။

ပန်းပဲဆရာများသည် ရတနာပစ္စည်းများကိုသာ အမြဲလိုက်လံရှာဖွေတတ်ကြသည်။

မကြာခင်တွင် ရီချန်းဂျီ ဝမ်ပင်းကို ခေါ်လိုက်သည်။

"ဝမ်ပင်း... မင်းရဲ့ ဝမ်မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ..."

"သခင်ကြီး... ကျုပ်တို့မှာ မိသားစုဝင် စုစုပေါင်း ငါးရာလောက် ရှိပါတယ်..."

“ဒါဆို သူတို့ကို ပစ္စည်းတွေ သိမ်းဆည်းထုပ်ပိုးဖို့ ပြောလိုက်ပါ... မကြာခင်မှာ ငါတို့ နတ်ဆိုးကြင်ရာ‌ေတာ်မြို့ကို ခရီးထွက်မယ်...”

“ကောင်းပါပြီ...!”

ဝမ်ပင်း၏ စိတ်ဓာတ်တို့ တက်ကြွလာခဲ့သည်။

ဤနေရာမှ သူထွက်သွားချင်နေခဲ့တာ ကြာခဲ့လေပြီ။ သူ ဤမြို့တော်တွင် ကျန်နေရစ်ခဲ့မည်ဆိုလျှင် နောင်အနာဂတ်တွင် ဝိညာဉ်ကျောက်စိမ်းနတ်ဆိုးများ၏ လက်စားချေမှုကို သေချာပေါက် ရင်ဆိုင်ရပေတော့မည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now