120

618 35 1
                                    

အခန်း 120- အင်ပါယာလက်နက်ဝင်္ကပါ၏ စွမ်းအား

ဤအဘိုးအိုသည် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ပန်းပဲဆရာတစ်ဦးဖြစ်ကြောင်း အနီးနားရှိလူများက သိကြသည်။ သူ့စကားက အတော်ပင် လွှမ်းမိုးနိုင်ပေသည်။

သူ့စကားအားကြားလျှင် ဘေးနားရှိလူများမှာ မေးခွန်းများ မေးလာကြတော့၏။

"ဆရာကြီးလျန်... အင်ပါယာတစ်ပိုင်းအဆင့်တွေက အင်ပါယာအဆင့်အောက် အားအကောင်းဆုံး အဆင့်တွေ မဟုတ်ဘူးလား... အင်ပါယာတစ်ပိုင်း ဆယ်ယောက်ဆိုရင် ဒီလောက်အားကောင်းသန်မာတာက ပုံမှန်ပဲ မဟုတ်လား...”

"ဟုတ်တယ်... ဆရာကြီးလျန် ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး... အင်ပါယာလက်နက်ဝင်္ကပါရဲ့ မြင့်မြတ်သောသခင်တွေက အင်ပါယာတစ်ပိုင်းအဆင့်တွေ မဟုတ်ဘူး မို့လား...”

“သူတို့ရဲ့ လျှို့ဝှက်ဘိုးဘေးတွေ ထွက်ပေါ်လာတာ ထင်တယ်... အဲဒီ့ဘိုးဘေးတွေကတော့ အင်ပါယာတစ်ပိုင်းအဆင့်တွေပဲဖြစ်မှာပါ....”

"ဘာတွေတွေးနေတာလဲ... ကောင်းကင်အမွေအနှစ်မျှော်စင်နဲ့ ကောင်းကင်ကြယ်မြို့တော်လို ထိပ်တန်းမြင့်မြတ်နယ်မြေတွေကလွဲပြီး အခြားအင်အားစုတွေမှာ အင်ပါယာတစ်ပိုင်းအဆင့်ပညာရှင် ဘယ်လိုရှိနိုင်မှာလဲ....“

မေးခွန်း မေးသည့်လူများ များလွန်းပြီး အားလုံးပင် အချင်းချင်း ဆွေးနွေးကြရင်း ဆူညံကုန်တော့သည်။

လျန်ယွမ်ဖန်းသည် စကားမပြောမီ ခေတ္တရပ်လိုက်သည်။ ဤလူများမှာ ကျင့်ကြံမှု နည်းပါးလွန်းသည်ကို သူသိထားပေသည်။ အင်ပါယာတစ်ပိုင်းအဆင့်သည် အလွန်အားကောင်းသည်ဟုသာ သူတို့ထင်နေကြပေသည်။

"အားလုံးပဲ... ငါ ရှင်းပြတာကို နားထောင်ကြ..."

လျန်ယွမ်ဖန်သည် ရတနာပစ္စည်းများကို သန့်စင်ခြင်းအတွက် လူသားမီးတောက်များကို စုဆောင်းရန် ဤကမ္ဘာကြီးထဲတွင် အကြိမ်ကြိမ် လှည့်လည်သွားလာနေခဲ့ဖူးသည်။ သူသည် သာမာန်လူများ၊ အဆင့်နိမ့်ကျင့်ကြံသူများနှင့် အချိန်အတန်ကြာ ဆက်ဆံခဲ့ဖူးသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now