197

485 31 0
                                    

အခန်း 197- မိုးကြိုးအဆီအနှစ်များ စုပ်ယူခြင်း

အမှန်တကယ်တွင် ရီချန်းဂျီမှာ ထိုကဲ့သို့ ထူထဲလှသည့် တိမ်တိုက်များကို မြင်လိုက်ရချိန်တွင် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေခဲ့လေသည်။

သူ့အမြင်တွင် ထိုထူထပ်သည့် တိမ်လွှာများမှာ လျှပ်စီးစွမ်းအင်များနှင့် ပြည့်နှက်နေပေသည်။

ရီချန်းဂျီပင်လျှင် ထိုမျှ ထူထဲ နက်မှောင်သော တိမ်တိုက်များကို တစ်ခါမျှ မမြင်ဖူးပေ။

၎င်းမှာ သူ့ကိုယ်ပိုင်စွမ်းအင်များကို ဖြည့်တင်းရန် အခွင့်အရေးကောင်းတစ်ခုသောကြောင့် သူလွှတ်ထားမည် မဟုတ်ပေ။ 

မဆိုင်းမတွပင် ရီချန်းဂျီ အင်ပါယာ သင်္ဘောပျံကို တိမ်တိုက်ထဲသို့ တည့်တည့် ဦးတည်ပစ်လိုက်သည်။

သင်္ဘောပျံပေါ်တွင် ထွင်းထုထားသည့် ဝင်္ကပါအစီအရင်အင်းကွက်များသည် ချက်ခြင်းတောက်ပလာပြီး အားပြင်းသော စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။

စုပ်ယူလိုက်သည့် စွမ်းအင်နှင့်အတူ တိမ်များအတွင်းမှ အံ့ဩဖွယ်ရာ လျှပ်စီးကြောင်းများစွာ ထွက်ပေါ်လာနေခဲ့လေသည်။

ဝုန်း... ဝုန်း...

အဆက်မပြတ် မိုးကြိုးပစ်သံ အချက်ပေါင်းများစွာသည် မြေပြင်ရှိလူတို့အား နားများပင် အူသွားစေလောက်ပေသည်။

မရေမတွက်နိုင်သော ငွေရောင်လျှပ်စီးကြောင်းများသည် အဖက်ဖက်အရပ်ရပ်မှ ပျံဝဲလာပြီး သင်္ဘောပျံကို ထိမှန်နေလျှက်ရှိသည်။ များပြားလှသော မိုးကြိုးတိမ်တိုက်များမှာ သင်္ဘောပျံမှ စုပ်ယူကာ လျှင်မြန်စွာ ပြောင်းလဲပေးလိုက်ခြင်းဖြင့် သင်္ဘောပျံအတွင်းတွင် အလျှံပယ် ထွက်လာသော ဝိညာဉ်စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် အာဟာရ ဖြည့်ပေးနေလေသည်။

သင်္ဘောပျံအတွင်း မှင်တက်မိကာ မလှုပ်ရှားနိုင်တော့သော အားဟူကို လျစ်လျူရှုရင်း ရီချန်းဂျီသည် တင်ပျဉ်ခွေထိုင်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ ပေးပို့ရန်သာ အာရုံစိုက်နေခဲ့လိုက်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now