198

1K 47 5
                                    

အခန်း 198- ဝိညာဉ်ကျောက်စိမ်းနတ်ဆိုးအင်အားစု

ရီချန်းဂျီသည် ရောက်လာသောလူများကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

ရောက်လူသူများမှာ နတ်ဆိုးလေးဦးဖြစ်ကာ ၎င်းတို့အနက် တစ်ဦးမှာ ဆံပင်ရှည်နှင့် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် အရက်ခွက်ကို ကိုင်ထားပြီး စူးစူးရဲရဲ ကြည့်နေ၏။

နောက်တစ်ယောက်မှာ ဝတ်ရုံရှည်ကြီးအားဝတ်ဆင်ထားပြီး သူ့တစ်ကိုယ်လုံးသာမက မျက်နှာကိုပင် ရှည်လျားသည့်ဇာပုဝါနှင့် ဖုံးအုပ်ထားသည်။

ဆံပင်ဖြူနှင့် မုတ်ဆိတ်မွေးများထိုးထိုးထောင်ထောင်နှင့်ရှိနေသော အခြားလူတစ်ယောက်လည်း ရှိသေးသည်။

နောက်ဆုံးလူမှာ ခေါင်းတွင် ချိုနှစ်ချောင်းရှိနေပြီး တည်ကြည်သည့်အမူအရာရှိပေသည်။

နန်းမင်လီ၏ အမူအရာ ပြောင်းသွား၏။

"ငါတို့က အရှေ့ပိုင်းဒေသရဲ့ နတ်ဆိုးဘုရင်ဆီက လျှို့ဝှက်အမိန့်နဲ့ ဒီကစီနီယာကို လာရောက် ခေါ်ဆောင်တာပဲ... နင်တို့ ကျောက်စိမ်းနတ်ဆိုး အစောင့်တွေက ငါ့ကို တားချင်လို့လား....”

"ဟားဟား... မင်း ပြောတာကို ကြည့်ပါဦး... မင်းတို့ရဲ့ အရှေ့ပိုင်းဒေသ နတ်ဆိုးစံအိမ်ဟာ ဘယ်တုန်းက ဒီလောက်သန်မာလာတာလဲ... ငါ့တို့ ဝိညာဉ်ကျောက်စိမ်း နတ်ဆိုးအဖွဲ့ကလည်း ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်ရမှာပဲ....”

မုတ်ဆိတ်မွေးထိုးထိုးထောင်ထောင်နှင့်လူမှ ဦးဆုံးတုံ့ပြန်ခဲ့၏။

"ပုယွီဖေး... နင် နတ်ဆိုးဘုရင်ရဲ့ အမိန့်ကို ဘယ်လိုသတ္တိနဲ့ တိုက်ရိုက် တွန်းလှန်ရဲတာလဲ..."

စူးယွဲ့မင်မှ လေးနက်သော အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။

တစ်ဖက်လူများမှာ ဤနေရာသို့ ရောက်လာရဲသည်ဆိုကတည်းက ထိုအရာများအား ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ထိုအမျိုးသမီးနှစ်‌ယောက်ကို ဂရုစိုက်မနေတော့ပေ။

“ဒီက ပညာရှင်သခင်လေးက ကျုပ်တို့ ဝိညာဉ်ကျောက်စိမ်း နတ်ဆိုးအစောင့်တွေနဲ့ လိုက်လာဖို့ ဆန္ဒရှိလားလို့ သိချင်ပါတယ်... ကျုပ်တို့ရဲ့ နတ်ဆိုးဘုရင်က ကြယ်စင်စုမြို့တော်မှာ ဖြစ်ခဲ့တာတွေအတွက် နှစ်ဖက်အကြား နားလည်မှုလွဲမှားတာကို ဖြေရှင်းပေးလိုနေပါတယ်...”

You've reached the end of published parts.

⏰ Last updated: Nov 29, 2023 ⏰

Add this story to your Library to get notified about new parts!

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now