63

658 54 0
                                    

အခန်း 63- တပည့်တစ်ဦး၏ကျော်ဖြတ်မှု

ကောင်းကင်ဘုံလူသားကမ္ဘာ... လျှို့ဝှက်အစွန်အဖျားဂိုဏ်း...

ရီချန်းဂျီသည် ယခုလေးတင် သန့်စင်မှုပြီးသွားကာ ကောင်းကင်ဘုံလူသားကမ္ဘာကြီး၏ ကောင်းကင်မဏ္ဍိုင်ကို နှစ်ရက်အတွင်း ပြုပြင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုအစီအစဥ်သာ အောင်မြင်ခဲ့လျှင် သူ၏နည်းစနစ်နှင့် ပတ်သက်၍ ပြဿနာမရှိဟု ဆိုလိုခြင်း ဖြစ်သည်။

“နောက်ထပ်လုပ်ရမှာက လိုတဲ့ ပစ္စည်းတွေ သွားရှာရမယ်။ နောက်တစ်ခုက ကမ္ဘာနဲ့ချီပြီး ကြီးမားတဲ့ ကိစ္စကြီးတစ်ခုပဲ...။ ရှားပါးတဲ့ ရတနာတွေမရှိဘဲ ငါ လုပ်လို့ မရနိုင်ဘူး။”

ဆုံးဖြတ်လိုက်ပြီးနောက် ရီချန်းဂျီလည်း သူ့သိုလှောင်လက်စွပ်ကို ဖွင့်ကာ လိုအပ်သည်များ ထုတ်ယူလိုက်တော့သည်။

ယုထျန်ရှင်း နှင့် လီရှန်းရီသည် သူ့ထံသို့ အတူတူ ရောက်လာခဲ့ကြ၏။

"ဆရာ... ညီမငယ်နှင့် ကျွန်တော် တံခါးပိတ်ကျင့်ကြံတော့မှာမလို့ ဆရာ့ရဲ့ လမ်းညွှန်မှုကို နားထောင်ဖို့ လာခဲ့ကြတာပါ...။ ကျင့်ကြံရေးပစ္စည်းတချို့လည်း လိုအပ်နေပါသေးတယ်။”

ရီချန်းဂျီမှာ သူ၏ပစ္စည်းများကို စိစစ်ခွဲခြားနေရင်းမှ ခေတ္တရပ်လိုက်သည်။

သူတို့ ငါပေးထားတာတွေကို နောက်တစ်ခါထပ်ကုန်သွားကြပြန်ပြီလား...။

တပည့်နှစ်ယောက်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်နှင့်အမျှ သူတို့လိုအပ်သည့် ကျင့်ကြံခြင်း ပစ္စည်းများမှာလည်း ပို၍ပို၍ လိုအပ်လာလေသည်။

နောက်ဆုံးတွင်တော့ သူတို့နှစ်ဦးသည် အနည်းဆုံးအဆင့် အင်ပါယာများဖြစ်လာနိုင်ကြပြီး ယခုအချိန်သည် အုတ်မြစ်ကောင်းကောင်းချပြီး သူတို့၏ခွန်အားကို လျင်မြန်စွာ မြှင့်တင်ရန် အချိန်ပင်ဖြစ်သည်။

"မင်းက ကပ်ဘေးဖြတ်ကျော်ခြင်းနယ်မြေကို ဖြတ်ကျော်ဖို့ တံခါးပိတ်ကျင့်ကြံကြတော့မှာလား။ မင်းတို့ရဲ့ ကျင့်ကြံမှုကို တိုးမြှင့်ဖို့က စိတ်ဝိညာဉ်စွမ်းအားကို ဆေးပြားတွေနဲ့ ဖြည့်တင်းဖို့ပဲလိုအပ်တယ် မဟုတ်လား...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now