38

799 63 0
                                    

ငါ့တပည့်တွေရူးနေကြပြီ

အခန်း38 - အခွင့်အရေးကိုလုယူချင်သူများ

အရှေ့ပိုင်းဒေသတွင် အပြောင်းအလဲများ ပေါ်ပေါက်လာသည်နှင့်အမျှ ပုံမှန်မဟုတ်သည့် နေရာများမှာ အလွန်ထူးခြားကြောင်း လူများ ပိုမိုသိရှိလာကြ၏။

အကြောင်းအမျိုးမျိုးနှင့် လျှို့ဝှက်နယ်မြေများစွာလည်း ထွက်ပေါ်လာခဲ့သည်။

လူများစွာသည် အမည်မသိ လူဝင်စား ပညာရှင်လေးကို စုံစမ်းနေခဲ့သော်လည်း မည်သို့မှ ထူးခြားမလာခဲ့သဖြင့် လျှို့ဝှက်နယ်မြေများကို ရှာဖွေစုံစမ်းရန်ဘက်သို့ လှည့်သွားခဲ့ကြ ပြန်သည်။

လူငယ်ပညာရှင်များအကြား အနည်းငယ် နာမည်ရှိသည့် လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှ ရီချန်းဂျီနှင့်လည်း မိတ်ဆွေဖွဲ့လိုသူများ၊ ဆရာတင်လိုသူများ စသည့်ရည်ရွယ်ချက် အမျိုးမျိုးဖြင့် စောင့်နေကြသူများလည်း အများအပြားရှိပေသည်။

အရှေ့ပိုင်းဒေသနှင့် မတူဘဲ အခြားဒေသအားလုံးနီးပါးမှာ  ထူးဆန်းသည့် အဖြစ်များ ကြုံခဲ့ရပြီး ပရမ်းပတာ ဖြစ်နေခဲ့လေသည်။

...

အရိပ်အိမ်တော်သည် ရှည်လျားသောသမိုင်းကြောင်းရှိ ပေသည်။ ၎င်းတို့သည် လုပ်ကြံသတ်ဖြတ်ခြင်းနှင့် သတင်းဖလှယ်ခြင်းတို့ကို အဓိကစီးပွား‌ရေးအဖြစ် လုပ်ဆောင်ခဲ့ကြသည်။ သူတို့၏ အမွေအနှစ်အားလုံးသည် လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့ နည်းစနစ်များပင်ဖြစ်သည်။

သူတို့၏ လုပ်ရပ်များသည် အတော်ပင် ရက်စက်ကြမ်းကြုတ်ပြီး ရတနာများစွာလည်း စုဆောင်းမိခဲ့ကြသည်ဟု လူအများ သိထားကြ၏။

တစ်ညတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရိပ်အိမ်တော်မှ အဖွဲ့ဝင်များသည် ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်များနေကြရာမှ လန့်နိုးသွားကြလေသည်။

အပြင်ထွက်ကြည့်ကြလျှင် ဂိုဏ်းတစ်ခုလုံး၏ အရေးကြီးဆုံးနေရာကို သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်များဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ကြရသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now