97

622 42 0
                                    

အခန်း 97- အင်ပါယာ အခွန်ကောက်ခြင်း

ထိုသို့ဖြစ်ပျက်ခဲ့သည်မှာ ကုန်းစွန်းမိသားစုတစ်ခုတည်းသာ မဟုတ်ပေ။

သိုဝှက်စွာနေထိုင်ကြသော မျိုးနွယ်များသာမက အင်အားကြီးသော ဂိုဏ်းများဖြစ်စေ လူများဖြစ်စေ အားလုံးသည် သူတို့ ယုံကြည်သည့် နှစ်ဖက်ကို ရွေးချယ်လာကြသည်။

မြင့်မြတ်နယ်မြေ၏ လွှမ်းမိုးမှုမျာားကြောင့်သော်လည်းကောင်း အင်ပါယာအဆင့်လက်နက်များစွာ စုစည်းမိထားသည့်အတွက် အင်ပါယာအား အနိုင်ယူနိုင်မည်ဟု ထင်ကြ၍သော်လည်းကောင်း အင်အားစု အများစုသည် မြင့်မြတ်နယ်မြေများနှင့် မဟာမိတ်ပြုရန် ရွေးချယ်ခဲ့ကြသည်။

သို့သော် လျှို့ဝှက်အစွန်အဖျားဂိုဏ်းကို ရွေးချယ်သော ဂိုဏ်းများစွာလည်း ရှိနေသေးသည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းသည် ယခုအခါ အရာအားလုံးတို့ စုဆုံရာ ဖြစ်လာနေခဲ့တော့သည်။

အင်အားစု အများအပြားသည် ၎င်းတို့၏ ကိုယ်စားလှယ်များအား လျှို့ဝှက်အစွန်အဖျားဂိုဏ်းသို့ အင်အားများ ပေါင်းစည်းရေးကိစ္စ ဆွေးနွေးရန် စေလွှတ်ခဲ့သည်။

သူတို့အားလုံး အလွန်အံ့သြသွားကြသည်။'

“မျှော်လင့်ထားသလိုပဲ... သူတို့အားလုံး မြေခွေးအိုကြီးတွေပဲ... ငါ့ရဲ့ ချီထျန်းမျိုးနွယ်၊ ထျန်းယွမ်ဂိုဏ်း၊ ‌ဒေါသနေမင်းဂိုဏ်းနဲ့ ဝမ်‌ဟောင်မျိုးနွယ်ကလွဲလို့ သူတို့ကလည်း လူတွေကို တကယ် စေလွှတ်လိုက်တာပဲ။"

ချီထျန်းဝမ် က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‌ဘေးဘယ်ညာအား ကြည့်လိုက်လျှင် ဒါဇင်နှင့်ချီသည့် အင်အားစုများမှ သံတမန်များကို တွေ့လိုက်ရသည်။

ထိုအင်အားစုများအားလုံး၏ တူညီကြသည့်အချက်မှာ ၎င်းတို့အားလုံးသည် မြင့်မြတ်နယ်မြေအဆင့်မဟုတ်သည့် မြင့်မြတ်နယ်မြေများအောက် တဆင့်နိမ့်သည့် ဒုတိယအဆင့်မှ အင်အားစုများဖြစ်ကြပေသည်။

“ကြည့်ရတာ လက်ရှိမြင့်မြတ်နယ်မြေတွေကို မကျေနပ်လို့ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ကို အစားထိုးပြီး မြင့်မြတ်နယ်မြေဖြစ်လာချင်တဲ့ အင်အားစုတွေ အများကြီးရှိနေတဲ့ပုံပဲ...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now