130

587 40 1
                                    

အခန်း 130- မဟာမိတ်ဂိုဏ်းရှစ်ခု၏ ကိုယ်ပိုင်အစီအစဉ်များ

အစည်းအဝေးတွင် ဂိုဏ်းရှစ်ခုမှာ အပြင်းအထန် ငြင်းခုံနေခဲ့ကြသည်။

"ဘာလို့ ကျုပ်တို့က ထပ်ပေးလို့ မရရမှာလဲ... အင်ပါယာ‌ရောက်လာရင် ကျုပ်တို့ရဲ့ သိတတ်မှုကို ပြသဖို့ လက်ဆောင်တွေ ထပ်ပေးနိုင်ပါတယ်...”

"မင်းကို နောက်ထပ်မပေးဖို့ ငါတားနေတာမဟုတ်ဘူး.... ဒါပေမယ့် ငါတို့ ဆန်းကြယ်အစီအရင်ဂိုဏ်းက အင်ပါယာဆီက အကျိုးအမြတ်တွေ အများဆုံးရထားတယ်... ရထားတဲ့ အကျိုးကျေးဇူးတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့လိုတယ်...”

ဆန်းကြယ်အစီအရင်ဂိုဏ်းချုပ် စစ်မာလဲ့၏လက်ထဲမှ သံလိုက်အိမ်မြောင်နှစ်ခုသည် ဖြည်းညှင်းစွာ လှည့်ပတ်ကာ လျှို့ဝှက်ဆန်းကြယ်သော အော်ရာများ ထွက်လာ၏။

“ဒါဆို ခင်ဗျားပြောသလိုဆိုရင် ပန်းပဲသခင်တွေကလည်း လက်ဆောင်ပေးရမှာပဲ... ဒါပေမယ့် ကျုပ်တို့ မဟာမိတ် ဂိုဏ်းရှစ်ခုမှာ ပန်းပဲပညာနဲ့ပက်သတ်တဲ့ဂိုဏ်းတစ်ခုမှ မရှိဘူး..."

"ဒါဆို ခင်ဗျားက ပန်းပဲပညာရှင်မဟာမိတ် အဖွဲ့နဲ့လည်း ပူးပေါင်းချင်တာလား..."

ထိုစကားများကိုကြားလျှင် ဓာတ်ငါးပါးဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုးရှင်းက သူ့အားလှောင်ပြောင်လိုက်သည်။

ကံမကောင်းစွာနှင့် ဤနေရာရှိလူတိုင်းသည် အလွန်အရေထူကြပေသည်။

“ဒါဆို ထားလိုက်... သူတို့ရဲ့ စွမ်းအားအဆင့်ကလည်း သိပ်မမြင့်ဘူး... ဒါကြောင့် သူတို့က အသင်္ချေပန်းကမ္ဘာကို ကိုယ်စားမပြုနိုင်ဘူး... ငါတို့ အင်ပါယာနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံတဲ့နေရာမှာတော့ စည်းမျဥ်းစည်းကမ်းတွေကို သေချာချမှတ်မှ ရမယ်... မဟုတ်ရင် သူအရင် ငါအရင်နဲ့ ကပြဲကရဲဆိုရင် အင်ပါယာက အထင်သေးသွားလိမ့်မယ်...”

စစ်မာလဲ့မှ ချက်ချင်းပြန်ပြောသည်။

“ကောင်းကင်ဘုံရေလကြေးမုံကနေ ဉာဏ်အလင်းရရှိခဲ့တဲ့ ကျုပ်တို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက တပည့်တွေလည်းအများကြီးရှိတယ်... သူတို့ထဲက အများစုကလည်း ကျင့်ကြံခြင်းအဆင့်တွေ မြင့်တက်ခဲ့ကြတယ်... ကျုပ်တို့ကလည်း အင်ပါယာကို လက်ဆောင်ပဏ္ဍာတွေ များများပို့ခွင့် ရသင့်တယ်...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now