108

564 39 0
                                    

အခန်း 108- မြင့်မြတ်နယ်မြေများဝမ်းသာပျော်ရွှင်နေကြခြင်း

လျန်ယွမ်ဖန်း သည် ပန်းပဲပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး ကောင်းကင်ဘုံလူသားကမ္ဘာကြီးတစ်ခုလုံးတွင် အကောင်းဆုံးတစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သည်။

ကောင်းကင်ရေလဂိုဏ်းသည် ဂိုဏ်း၏ မြင့်မြတ်ရတနာဖြစ်သည့် ကောင်းကင်ရေလကြေးမုံကို အစီအရင်ဖန်တီးနေသည့် ပုံရိပ်များ ကြည့်ရှုနိုင်ရန် အသုံးပြုခွင့်ပေးထားရသလို ကောင်းကင်အမွေအနှစ်မျှော်စင်သည်လည်း ဂိုဏ်းစောင့် မှော်ရတနာဖြစ်သည့် ကောင်းကင်အမွေအနှစ်ခေါင်းလောင်းကို တစ်ကမ္ဘာလုံးအား တိုက်ရိုက်ပြသနိုင်စေရန်အတွက် အသုံးပြုခွင့်ပေးထားရသည်။

၎င်းတို့မှာ လူအများ တိုက်ရိုက်သိရှိစေရန်နှင့် အကျိုးကျေးဇူးများ ရရှိစေရန်ဖြစ်သည်။

ထို့ကြောင့် လျန်ယွမ်ဖန်း၏ စကားများနှင့် သူ၏ ခွဲခြမ်းစိတ်ဖြာပြမှုများကို စိတ်ဝင်စားသူများမှ လျင်မြန်စွာ မှတ်တမ်းတင်ထားခဲ့သည်။

မြင့်မြတ်နယ်မြေများမဟာမိတ်သည်လည်း ထိုသတင်းကို အမြန်ပင် ဖြန့်ဝေခဲ့သည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းနှင့် အခြားသော လျှို့ဝှက်အစွန်အဖျားဂိုဏ်း လက်အောက်ခံအင်အားစုများနှင့် ချိတ်ဆက်မှုရှိသူအချို့ကသာ လျန်ယွမ်ဖန်း၏ မှတ်ချက်ကို အနည်းငယ်မကျေမနပ်ဖြစ်ခဲ့ကြသည်။

ထို့အပြင် လျန်ယွမ်ဖန်း၏ သုံးသပ်ချက်သည် ကျိုးကြောင်းဆီလျော်လွန်းသည်။

ထို့ကြောင့် ငြိမ်နေဖို့ကလွဲ၍ သူတို့မှာ ရွေးချယ်စရာမရှိပေ။

ရီချန်းဂျီထံတွင် ကောင်းကင်ဥမင်ကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားစေမည့် ဝှက်ဖဲရှိသည်ဆိုခြင်းကို မည်သူမှ မသိနိုင်ကြပေ။

ထိုကဲ့သို့ ဆန်းကြယ်သောအရာ၏တည်ရှိမှုကိုလည်း မည်သူက ခန့်မှန်းနိုင်မည်နည်း။

ထိုအချိန်၌ လူထု၏ စိတ်အားထက်သန်မှုကို အခွင့်ကောင်းယူပြီး ကောင်းကင်ဘုံလူသားကမ္ဘာ၏ မရေမတွက်နိုင်သော ကျော်ကြားသည့် ကျင့်ကြံသူများသည် ၎င်းတို့၏ အမြင်များကိုလည်း စတင်ဆွေးနွေးလာကြပြီး ထုတ်ဖော်ပြောကြားလာကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now