164

508 38 0
                                    

အခန်း 164 အင်ပါယာတစ်ပိုင်းလေးဆယ့်ကိုးပါးမဟာဝင်္ကပါ

ကောင်းကင်ဘုံလူသားကမ္ဘာ၏ အကာအရံအပြင်ဘက်....။

သွေးမီးလျှံဂိုဏ်း၏ အင်အားစုအားလုံး နောက်ဆုတ်သွားခဲ့ကြသည်။

ကျိန်စာတိုက်ပညာရှင်များလည်း ဆုတ်ခွာသွားကြသည်။

ယုထျန်ရှင်းကလည်း သူတို့ကို မတားမြစ်ပေ။

သူမ ဤနေရာသို့ရောက်ကတည်းက ထိုအင်ပါယာတစ်ပိုင်းပညာရှင်များ၏ တည်ရှိနေမှုကို သူမ သိရှိထားပြီးဖြစ်သည်။

ထိုအင်ပါယာတစ်ပိုင်းတို့သည် သူမအဆင့်တက်ခြင်းတွင် အသုံးပြုရန် အကောင်းဆုံးအထောက်အပံ့များဖြစ်ကြောင်း သူမ ကောင်းကောင်းသဘောပေါက်သည်။

ယုထျန်ရှင်းအား ပထမတိုက်ခိုက်နေသော အင်ပါယာတပိုင်းပညာရှင်များနှင့် အတူပါလာသည့် သွေးမီးလျှံဂိုဏ်းမှ အင်အားစုများအားလုံး ဆုတ်ခွာပြီးလျှင် ဝေ့ထျန်မှ လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။

ချောင်ရှင်းနှင့် အင်ပါယာတစ်ပိုင်း လေးဆယ့်ကိုးပါးတို့သည် စစ်မြေပြင်အလယ်တွင် ချက်ချင်းထွက်ပေါ်လာကြသည်။ သူတို့သည် ထူးဆန်းသော တိုက်ပွဲဝင် ဝင်္ကပါတစ်ခုကို ချက်ချင်းဖန်တီးခဲ့လိုက်ကြ၏။

ဝုန်း...! ဝုန်း...! ဝုန်း...!

တစ်ယောက်ပြီးတစ်ယောက် အော်ရာများ လွင့်ပျံပေါက်ကွဲထွက်လာကာ ဟင်းလင်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားစေ၏။

ဆက်တိုက်ထွက်ပေါ်လာသော အားကောင်းပြင်းထန်လှသည့် အော်ရာလေးဆယ့်ကိုးခုသည် အနီးနားရှိ ကျင့်ကြံသူအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

"ဒါက ဘယ်လို ခွန်အားတွေလဲ.... သူတို့ဘာလုပ်နေကြပြန်တာလဲ..."

“ရေကြည့်စမ်း... အင်ပါယာတစ်ပိုင်း လေးဆယ့်ကိုးယောက်တောင်မှပဲ.... ဒါက တကယ့်ကို ထိတ်လန့်စရာပဲ....”

"ဒါမဖြစ်နိုင်ဘူး.... ဒီလောက်အင်ပါယာတစ်ပိုင်းတွေ ဘယ်အင်အားစုမှာမှ ရှိမှာ မဟုတ်ဘူး.... ကောင်းကင်တာအိုက ခွင့်ပြုတယ်ဆိုရင်တောင် သူတို့ကို မွေးထုတ်ပေးတဲ့ ကမ္ဘာကြီးက ဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now