181

508 33 0
                                    

အခန်း 181- ကမ္ဘာကိုတုန်လှုပ်စေခဲ့သည့်ယုဝမ်ဟုန်ဖန်း၏တိုက်ပွဲ

“ငါ့ရဲ့ ချို့ယွင်းချက်တွေကို မပြင်ဆင်နိုင်ခဲ့ရင် အခုချိန်လောက်ဆို ငါသေနေလောက်ပြီ...”

“ဒီနှစ်တွေအတွင်းမှာ အင်ပါယာလေးပါး ငါ့လက်ထဲမှာ သေခဲ့ပြီ...”

"ကောင်းကင်ဘုံလူသားကမ္ဘာက အင်ပါယာနှစ်ပါးကရော ငါ့ကို ဘယ်လောက်ထိခုခံနိုင်မလဲ ငါသိချင်သေးတယ်..."

ယုဝမ်ဟုန်ဖန်း၏ တိုက်ပွဲရလဒ်များသည် တကယ်ကို ထိတ်လန့်စရာပင်ဖြစ်သည်။

သို့သော် ဤသည်မှာ ထိတ်လန့်စရာအကောင်းဆုံးအပိုင်းမဟုတ်ပေ။

သူ့အား နတ်ဘုရားအဆင့်များမှ ဝိုင်းဝန်းတိုက်ခိုက်သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ရဖူးသည်။

နတ်ဘုရားအဆင့် ပညာရှင်နှစ်ပါး၏ ဝိုင်းရံခြင်းခံရသည့်ကြားမှ သူလွတ်မြောက်နိုင်ခဲ့သည်။

ထိုအဖြစ်ကြောင့် မဟာရှကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားနေပြီးဖြစ်သော ယုဝမ်ဟုန်ဖန်းသည် ပို၍ပင် ကျော်ကြားလာခဲ့သည်။

"ပြန်လည်မွေးဖွားတဲ့နည်းလမ်း... လူဝင်စားခြင်းနည်းလမ်း...!"

ယုဝမ်ဟုန်ဖန်းသည် သူ၏မျှော်လင့်ချက်ကို မထိန်းနိုင်တော့ပေ။ ထိုအကြောင်းကိုသာ ထပ်တလဲလဲတွေးနေခဲ့မိသည်။

စိတ်မရှည်သည့်ခံစားချက်ကို သက်သာစေရန်အတွက် သူ့ကိုယ်သူ စကားပြောပြီး အာရုံပြောင်းနေခဲ့ရသည်။

နတ်ဘုရားအဆင့်ပညာရှင်တစ်ဦးအား ထိုသို့ဖြစ်စေရန်မှာ မလွယ်ကူပေ။

သို့သော်လည်း ယုဝမ်ဟုန်ဖန်းသည် သက်တမ်းကုန်ဆုံးကာ သေဆုံးတော့မည့်သူ ဖြစ်သည်။

သူ၏လမ်းစဉ်သည် လွန်ကဲလွန်းလှပြီး သူ့ကိုယ်သူဒဏ်ရာများစုပြုံရနေစေခဲ့ကာ ယခုနှစ်များတစ်လျှောက် သူစုဆောင်းခဲ့သော အခြား ကျင့်ကြံသူများ၏ ကျင့်ကြံမှု အနှစ်သာရများသည်လည်း ရောထွေးနေခဲ့သည်။

ထိုအဖြစ်မှာ မိမိစွမ်းအင် သက်သက်နှင့် ကျင့်ကြံခဲ့သော သာမာန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက အားနည်းချက် ရှိလာခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now