14

977 82 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း 14 - ကျင့်ကြံခြင်းကို သပ်ရပ်အောင်ပြုလုပ်ခြင်း

လူတိုင်းမှာ ကျမ်းကိုးကျမ်းထားရှိရာနေရာကို ထိတ်လန့်တကြားကြည့်နေကြရသည်။

ဂိုဏ်းခေါင်းဆောင်လည်း အရင်လို ငြိမ်သက်မနေနိူင်တော့ပေ။ သူ့လက်မပေါ်ရှိ လက်စွပ်ကွင်းကို တိတ်တဆိတ်လှည့်လိုက်သည်။

သူ၏ လုပ်ရပ်ပြီးနောက် တောင်၏အနောက်ဘက်ရှိ ရေကန်ကြီးသည် တစ်ဖန် တုန်ခါသွားပြန်သည်။

ဘန်း...!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျမ်းစာသိုလှောင်မှု တစ်ခုလုံး၏ အစီအရင်သည် ၎င်း၏ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ လည်ပတ်မှု ရပ်တန့်သွားခဲ့တော့သည်။

စာအုပ်စင်ရှိ တားမြစ်စာအုပ်များကို ရီချန်းဂျီ ဖိနှိပ်ခဲ့လေသည်။

စာအုပ်ဝိညာဉ်၏ ပုံရိပ်သည် နှင်းဖြူရောင်အဖြစ်သို့ ပြောင်းလဲ လုံးဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။ ၎င်းပေါ်တွင် အနက်ရောင် အစီအရင်စာလုံးများ ပျံ့နှံ့နေပြီး အလွန်အမင်းလှပနေစေသည်။

စာအုပ်ဝိဉာဉ်မှာ မျက်လုံးများကိုဖွင့်ကာ ရီချန်းဂျီအား စူးစူးစိုက်စိုက် ကြည့်နေလေသည်။

ထို့နောက် လက်တစ်ဖက်ကို မြှောက်ကာ သူ့လက်ထဲသို့ စီးဝင်နေသော အစီအရင် တစ်ခုကို ထုတ်ယူကာ ပစ်ချပေးလိုက်သည်။

“ဒါ ငါ့အတွက်လား?” ရီချန်းဂျီ မေးလိုက်သည်။

စက္ကူရုပ်လေးမှ ခေါင်းညိတ်ပြ၏။

ရီချန်းဂျီ အစီအရင်စာရွက်လေးအား ကောက်ယူလိုက်လျှင် စနစ်မှ သတိပေးချက်တစ်ခု ထွက်လာသည်။

“ဂုဏ်ယူပါတယ် ပိုင်ရှင်... သင် မူလအစ မဟာတာအိုတံဆိပ် (မပြည့်စုံ) ကို ရရှိပါပြီ”

မပြည့်စုံသောအရာဖြစ်သော်ငြား ထူးထူးခြားခြားတစ်ခုပင် ဖြစ်ရပေမည်။ သူ့လက်ထဲတွင် စနစ်ရှိနေသဖြင့် ရီချန်းဂျီသည် တစ်နေ့တွင် ၎င်းတို့အားလုံးကို ပြည့်စုံအောင် စုဆောင်းနိုင်မည်ဟု ခံစားမိသောကြောင့် စိတ်ပူပန်မနေခဲ့ပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now