58

657 54 0
                                    

အခန်း 58- မြင့်မြတ်နယ်မြေမှ ပညာရှင်များ၏ ထိတ်လန့်မှုများ

ရီချန်းဂျီလည်း ထိုလူများကို စိတ်၀င်စား ‌မနေနိုင်တော့ပေ။

ဤနေရာသို့ ရောက်လာရသည့် သူ့ရည်ရွယ်ချက်မှာ ကမ္ဘာ့မဏ္ဍိုင်အပိုင်းအစကို ရှာဖွေရန်ဖြစ်သည်။

သည်လူများ ဒုက္ခကို မီးထွန်းရှာနေလျှင် အတူတကွ ရှိနေချိန် ဒုက္ခရောက်အောင် လုပ်လျှင် ပိုကောင်းမည်ဟု သူတွေးလိုက်မိသည်။

သူတို့ကို တိုက်ရိုက်နှိပ်ကွပ်လိုက်ရပေမည်။

တစ်ချက်တည်းနဲ့ ဖြေရှင်းခြင်းက ရီချန်းဂျီ၏ ရည်ရွယ်ချက်များနှင့် ပိုကိုက်ညီပေလိမ့်မည်။

လူအုပ်ထဲမှ ‌ထွက်ကာ ဧရာမ ဂူကြီးထဲမှ ထွက်လာခဲ့လိုက်သည်။

ထို့နောက် နတ်ဘုရားအာရုံဖြင့် ဥမင်များအကြား လျှောက်သွား‌နေရင်း သူရောက်ရှိနိုင်သော အနက်ရှိုင်းဆုံး တူးထားသော လှိုဏ်ဂူသို့ရောက်သောအခါ ရီချန်းဂျီ ကောင်းကင်မဏ္ဍိုင်ကြီးမှပေးလိုက်သော နည်းစနစ်ကို စတင်လုပ်ဆောင်ခဲ့လိုက်သည်။

ဖျစ်..! ဖျစ်..! ဖျစ်…!

ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။

ခေတ္တစောင့်ဆိုင်းပြိးနောက် ရီချန်းဂျီ၏ အောက်ရှိ မြေပြင်မှ နောက်ထပ် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

ဖျစ်..! ဖျစ်..! ဖျစ်…!

မြေပြင်သည် စတင်လှုပ်ခါလာချေလေပြီ။

အကြီးဆုံးလှိုဏ်ဂူကြီးထဲတွင် ရှိနေဆဲဖြစ်သည့် မြင့်မြတ်နယ်မြေမှလူများ အံ့အားသင့်ကုန်ကြ၏။

"ဘာတွေဖြစ်နေတာလဲ…"

"မြေအောက်က တစ်ခုခု ဖြစ်နေပုံရတယ်"

"ငလျင်လှုပ်တာလား…"

"ဘယ်လိုလုပ်ငလျင်ဖြစ်နိင်မှာလဲ... ဒီဂိုဏ်းပျက်‌အောက်မှာ အစီအရင်တွေအများကြီးကျန်သေးတယ်… အဲ့ဒါတွေက ဟောင်းနေပြီဆိုပေမယ့် အလုပ်လုပ်နေကြတုန်းပဲ… ငလျင်လှုပ်ရုံနဲ့ ဒီလောက်လှုပ်ခတ်ဖို့် မဖြစ်နိုင်ဘူး။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now