40

760 66 0
                                    

ငါ့တပည့်တွေရူးနေကြပြီ

အခန်း 40- မည်သူမှ မအောင်မြင်ခဲ့ကြ

ရီချန်းဂျီ တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်သွားလေပြီ။

လိပ်ကြီး၏ ပုံရိပ်လည်း မှေးမှိန်ကာ ပျောက်ကွယ်သွားပြီဖြစ်သည်။

မြင်ကွင်း ပုံရိပ်သုံးခုတွင် ဖားပြုတ်ကြီးတစ်ကောင်သာ ကျန်ရစ်ခဲ့တော့သည်။

ဖားပြုတ်ကြီး၏ပုံရိပ်တွင်မူ အရောင်အသွေးစုံလှသည့် မီးခိုးများနှင့် ပြည့်နှက်နေ၏။

မရေမတွက်နိုင်သော လေဓာတ်စွမ်းအင်များက သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။

အချိန်ကြာလာသည်နှင့်အမျှ အင်ပါယာနယ်ပယ်အပေါ် ဖားပြုတ်ကြီး၏ လေဓာတ်သဘာဝ နားလည်နိုင်စွမ်း၏ သက်ရောက်မှုသည် ပို၍ပို၍ပြင်းထန်လာသည်။

ဧရာမလိပ်ကြီး သေဆုံးပြီးနောက် ကမ္ဘာပေါ်ရှိလူတိုင်းသည် ရေဓာတ်သဘာဝများခံစားနေရရာမှ ယခုအချိန်၌ လေပြင်း၏ နိယာမများကိုသာ ခံစားနေကြရတော့သည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် လေဓာတ် ကျင့်ကြံနည်းများကို နားလည် ကျင့်ကြံသူများသည် အနည်းနှင့်အများ လမ်းညွှန်မှုများ ရရှိခဲ့ကြသည်။

“ဒါက ဘယ်လိုထူးဆန်းတဲ့ ဖြစ်စဉ်မျိုးလဲ...!”

“အင်ပါယာတစ်ပါ ပေါ်ထွန်းလာတဲ့အခါ သူကျင့်ကြံတဲ့ လျှို့ဝှက်နည်းစနစ်တွေနဲ့ သူနားလည်ထားတဲ့ နိယာမတွေက ကမ္ဘာတစ်ခုလုံးကို သက်ရောက်မှုရှိလိမ့်မယ်... ဒါလည်း ကမ္ဘာကြီးအတွက် သူ့ရဲ့လက်ဆောင်ပဲ...”

“ဒါဆို အခုအင်ပါယာအဆင့်ကို ကျော်ဖြတ်ဖို့ကြိုစားနေတဲ့ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကြီးက အောင်မြင်ဖို့ အခွင့်အလမ်း များနေပြီလို့ မင်းပြောချင်တာလား...။”

“ငါလည်း သေချာတော့ မပြောနိုင်ဘူး... ဒါပေမယ့် အခုအချိန်မှာ သူက အောင်မြင်ဖို့ အလားအလာ အရှိဆုံးပဲ...။”

ထိုအခိုက်အတန့်တွင် ကျင့်ကြံသူဖြစ်စေ၊ သာမာန်လူသားဖြစ်စေ၊ မည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ... ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သောလူများမှာ ထိုအကြောင်းများကိုသာ ဆွေးနွေးနေခဲ့ကြလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now