129

536 41 0
                                    

အခန်း 129- ကမ္ဘာနှစ်ခုကြားလမ်းဖောက်ရန်ရှာခိုင်းခြင်း

“အချိန်အတော်ကြာ ပျောက်နေတဲ့ စနစ်ရဲ့ တာဝန်က အခုမှ ပြန်ပေါ်လာတဲ့ပုံပဲ.... ဒါပေမယ့် ခက်တာက ဒီတပည့်တွေကို ဘယ်ကနေ သွားခေါ်ရမှန်း မသိတာလေးတစ်ခုပဲ...”

ရီချန်းဂျီ သူ့တပည့်အဖြစ် မခေါ်ရသေးသည့် အသင်္ချေပန်းကမ္ဘာမှ ဝူယွမ်ဖေးရှိနေသေးသည်ကိုလည်း သတိရလိုက်မိလျှင် သူ့စိတ်ထဲတွင် အနည်းငယ် တင်းကြပ်လာမိသည်။

ထိုတပည့်မှာ သူနှင့်ကမ္ဘာအတူတူပင် မဟုတ်ပဲ တခြားကမ္ဘာမှ ဖြစ်သည်။ ကောင်းကင်ဘုံလူသားကမ္ဘာနှင့် အသင်္ချေပန်းကမ္ဘာ အကြား အကွာအဝေးသည် ကြီးမားလွန်းသည်။

ရေတံခွန်ကိုဖြတ်ပြီး တခြားကမ္ဘာကို တိုက်ရိုက်ဆက်သွယ်လို့ရသည့် နည်းလမ်းရှိလျှင်တောင်မှ လူကိုယ်တိုင်တော့ ထိုကမ္ဘာသို့ရောက်နိုင်မည့် နည်းလမ်းမရှိသေးပေ။

"အဝေးက သူ့ကို သင်ပေးလို့ကော ရမလား... စနစ်က ဒီလိုမျိုး လုပ်ဆောင်မှုကို ခွင့်ပြုပါ့မလား...”

ရီချန်းဂျီ တွေးနေစဉ်မှာပင် သတင်းတစ်ခုရောက်လာ၏။

သူ တစ်ခုခုကို ခံစားလိုက်ရသဖြင့်  သူ့ရှေ့မှ စီးဆင်နေသော ရေတံခွန်ကို ကြည့်လိုက်သည်။

"လေးစားရပါသော အင်ပါယာအရှင်...! အသင်္ချေပန်းကမ္ဘာက ကျင့်ကြံသူတွေက အရှင် ဝင်္ကပါခင်းကျင်းတပ်ဆင်တာကို စောင့်ကြည့်သင်ယူချင်တယ်လို့ ဆိုလာကြပါတယ်... ဒါကို အင်ပါယာထံ အစီရင်ခံတင်ပြပါတယ်...”

ရီချန်းဂျီ အနည်းငယ် အံ့ဩသွားမိသည်။

"ငါ ဝင်္ကပါခင်းကျင်းတာကို ကြည့်ချင်တာလား... အခုလည်း မင်းတို့ အသင်္ချေပန်းကမ္ဘာရဲ့ ပန်းပဲပညာရှင်တွေနဲ့ ဝင်္ကပါသခင်တွေက ဒါကို ကြည့်နေကြတာပဲ မဟုတ်ဘူးလား..."

“အင်ပါယာအရှင်... ကောင်းကင်ရေလကြေးမုံဂိုဏ်းချုပ်က အရှင်ဝင်္ကပါခင်းကျင်းနေတာကို ကြည့်ရင်း တာအိုနိယာမတွေနဲ့ လျှို့ဝှက်ကျင့်စဥ်ကို နားလည်သဘောပေါက်သွားပြီး နောက်တစ်ဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပါတယ်....”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now