2

1.7K 123 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အပိုင်း ၂ : စိုးမိုးနိုင်စွမ်းသောသေမျိုးလူသား

ဓားရှာဖွေခြင်းဂိုဏ်း၏ ဓားရှာဖွေခြင်း အခမ်းအနားမှာ နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ်စီ ကျင်းပလေ့ရှိ၏။ ၎င်းမှာ သိပ်အရေးကြီးသော အခမ်းအနားတစ်ခုတော့ မဟုတ်ပေ။

ဂိုဏ်းတိုင်းမှာ ဤသို့သော မတူညီသည့် နည်းလမ်းများဖြင့် တပည့်လက်ခံခြင်း အခမ်းအနား ကျင်းပခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ပွဲမျိုးမှာ ပရိတ်သတ်အားလုံးမှ အရေးတယူစောင့်ကြည့်နေစရာ မလိုအပ်ပေ။

ဤတစ်ကြိမ်တွင် လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှ သူတို့၏ အခြေခံအင်အားကို ပြသရန် ရည်ရွယ်ချက်ဖြင့်သာ တက်ရောက်လာကြခြင်း ဖြစ်သည်။

ချင်ခန်းနှင့် ဓားရှာဖွေခြင်းဂိုဏ်းမှ အကြီးအကဲများ အပြန်အလှန်နှုတ်ဆက်နေကြစဥ် ရီချန်းဂျီမှာ ဘေးပတ်ဝန်းကျင်ရှိ အခြေအနေအား အကဲခတ် ကြည့်ရှုနေမိ၏။

ထိုအခိုက် ဓားရှာဖွေခြင်းဂိုဏ်း၏ အဝင်ဝမှ လူငယ်တစ်ဦးအား လှမ်းကြည့်မိရာ သူ့မျက်စိအား ဆွဲဆောင်သွား၏။

ထိုလူငယ်လေးမှာ ညိုမဲနေသော မျက်နှာနှင့် ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိ၏။ ထိုလူငယ်အား မြင်ရသည့်အချိန်တွင် လယ်ကွင်းများထဲတွင် နေ့နေ့ညည အလုပ်နှင့်လက်မပြတ်ရသော လယ်သမားများကိုပင် သတိရစေသည်။

ထိုအခိုက်တွင် လူငယ်၏ မျက်နှာမှာ စိုးရိမ်တကြီးဖြစ်နေပြီး ဓားရှာဖွေခြင်းဂိုဏ်းမှ တပည့်အချို့နှင့် အငြင်းအခုံဖြစ်နေ၏။

မကြာခင် ဓားရှာဖွေခြင်းဂိုဏ်းမှ အကြီးအကဲတစ်ဦး ရောက်ရှိလာပြီး ထိုသူနှင့် စကားအနည်းငယ် ပြောဆိုနေလေသည်။ ထိုလူငယ်အား တစ်စုံတစ်ခု ပြောလိုက်ပုံရပြီး လူငယ်မှာ ဂိုဏ်းအဝင်ဝအရှေ့တွင် ပြတ်သားစွာ ဒူးထောက်ချလိုက်ရင်း တစ်စုံတစ်ရာအား အသနားခံနေ၏။

လူငယ်၏ အပြုအမူမှာ သူ့အနီးဝန်ကျင်ရှိ လူများ၏ အာရုံအား အလျင်အမြန်ပင် ဆွဲဆောင်သွားခဲ့လေသည်။

ဓားရှာဖွေခြင်းဂိုဏ်းမှ ခေါင်းဆောင်ချင်ခန်းအား လာရောက်ကြိုဆိုသော အကြီးအကဲနှင့် ခေါင်း‌ဆောင်ချင်ခန်းတို့မှာ နက်နဲသော ကျင့်ကြံမှုများ ရှိကြပြီး သူတို့ကိုပင် ထို လူငယ်၏ အပြုအမူမှာ ဆွဲဆောင်သွားနိုင်ခဲ့၏။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now