44

737 65 0
                                    

အခန်း 44- ကမ္ဘာကြီးအား တုန်လှုပ်စေခြင်း

ရီချန်းဂျီသည် လျှို့ဝှက်အစွန်အဖျားဂိုဏ်းအပြင်ဘက်တွင် သူ၏လက်ဖဝါးကို ကောင်းကင်သို့ချိန်ရွယ်ထားရာမှ ပြန်ရုတ်သိမ်းလိုက်သည်။

ထို့နောက် ကောင်းကင်ကို မော့ကြည့်ကာ ကောင်းကင်၏ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာကို ခံစားနေမိသည်။

“ဒါက အရင်တစ်ခါက ဓားအင်ပါယာကို ဒဏ်ရာရစေခဲ့တဲ့ ပြင်ပနယ်ပယ် ပညာရှင်တွေ ဆိုတာလား”

“ဒီကမ္ဘာကြီးမှာ အင်ပါယာတစ်ပါး ပေါ်ထွန်းလာမယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ဘူးနဲ့ တူတယ်... ဒီကောင်လေးတွေက သာမန်သတ္တဝါလေးတွေ လောက်ပဲရှိပြီး သိပ်သန်မာမှုမရှိဘူးပဲ...”

ဤကမ္ဘာကြီးတစ်ခုလုံးတွင် ရီချန်းဂျီ သာလျှင် အင်ပါယာတစ်ပိုင်းအဆင့်သည် သိပ်အားကောင်းခြင်းမရှိဟု ဆိုနိုင်ပေလိမ့်မည်။

သူ၏ အင်ပါယာအဆင့် အာရုံခံခြင်းများမှတဆင့် ရီချန်းဂျီ သည် ကြိုတင်သတိပေးချက် အချို့ကို ခံစားနေခဲ့ရသည်။ လက်ရှိအချိန်တွင် အသေးစိတ်အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရနိုင်‌သေးသဖြင့် လွှတ်ထားရုံသာတတ်နိုင်သေးသည်။

ထို့အပြင် လက်ရှိတွင် လျှို့ဝှက်အစွန်အဖျားဂိုဏ်းအနီးတွင် အချောင်လိုချင်သဖြင့် စောင့်နေသူများ ရှိနေသေးသည်။

“မင်းတို့အားလုံး ဒီကို ဘာအတွက်​ ရောက်လာကြတာလဲ...”

ရီချန်းဂျီ၏တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများဖြင့် တောက်ပဖုံးလွှမ်းနေပြီး သူ့အသံမှာ ဩဇာအာဏာနှင့် ပြည့်နေ၏။

ကောင်းကင်တာအို၏ကပ်ဘေးကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့ကြသော ပညာရှင်များမှာ သူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကြပေ။

ပြင်းထန်သော အရှိန်အဝါဖြင့် ဖိနှိပ်မှုကြောင့် ထိုလူများမှာ မတ်တပ်ရပ်ရန်ပငိ အတော်လေး ကြိုးစားခဲ့ရလေသည်။

“လေးစားအပ်ပါသော အင်ပါယာ...! သိမ်မွေ့မြို့တော်မှ ယန်မိသားစုကိုယ်စား အင်ပါယာရဲ့ အောင်မြင်တဲ့ ကျင့်ကြံဆင့်တက်ရောက်ခြင်းအတွက်  ကျုပ်က လာ‌ရောက် ဂုဏ်ပြုပါတယ်။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now