160

592 35 4
                                    

အခန်း 160- မိန်းကလေးငယ်တစ်ဦး

ရီချန်းဂျီသည် ဝင်္ကပါကို အသက်သွင်းလိုက်ပြီး ယုထျန်ရှင်း တစ်ဝိုက်တွင် လေပြင်းများလှည့်ပတ်လာကာ သူမကို ကောင်းကင်ပေါ်သို့ ဆွဲတင်ပေးလိုက်သည်။

"ငါ့ရဲ့ ဒီတပည့်ဟာ ဆန်းကြယ်ကောင်းကင်ဥမင်၊ မွန်မြတ်ခြင်းစွမ်းအင်တွေရဲ့ ထောက်ပံ့မှုနဲ့ အင်ပါယာအဆင့်ကို ဖြတ်ကျောက်တက်ရောက်မယ့် အချိန် ကျရောက်လာခဲ့ပြီ...."

ရီချန်းဂျီ စိတ်ထဲတွင် တွေးနေမိသည်။

“ဟဲရှုရှင်း... လီရှန်းရီ... ဒီကိုလာခဲ့.... မင်းတို့ရဲ့ညီမငယ် ဒီနေ့ တာအိုတိုက်ခိုက်ခြင်းလုပ်ဆောင်ပြီး အင်ပါယာအဆင့်ကို ပြန်လည်ဝင်ရောက်လိမ့်မယ်... ကောင်းကောင်းကြည့်ထားကြ..."

လီရှန်းယီနှင့် ဟဲရှုရှင်းသည် ရီချန်းဂျီ၏သတိပေးချက်ကိုရရှိပြီးနောက် တောင်ထိပ်သို့ရောက်ရှိလာကြသည်။

“ဆရာ... ညီမငယ်က အင်ပါယာနယ်ပယ်ကို ဝင်တော့မယ်လား.... ဆရာပြောနေတဲ့ ရန်သူတွေက ဘယ်မှာလဲ...."

လီရှန်းယီသည် ရီချန်းဂျီထံတွင် အမြဲတမ်း အမေးအမြန်းထူတတ်ပေသည်။

"မင်းတို့ရဲ့ ခေါင်းပေါ်က ကမ္ဘာ့အကာအရံအပြင်ဘက်မှာ ပြင်ပလောကကကျူးကျော်သူတွေ ထပ်ရောက်နေပြန်ပြီလေ....”

“ဒီတစ်ခါတော့ အဲဒီပညာရှင်တွေရဲ့ စွမ်းအားက ထူးခြားတယ်.... သူတို့က မင်းတို့ညီမငယ်ကို အင်ပါယာအဆင့်ကို ဖြတ်ကျော်နိုင်စေမယ့် တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်ပေးလိမ့်မယ်...”

အတူတကွ အချိန်များစွာ ကုန်ဆုံးခဲ့ပြီးနောက် လီရှန်းယီသည် သူ့ညီမ၏ အရည်အချင်းများကို အလွန်ရှင်းလင်းစွာ သိထားခဲ့လေသည်။

ယခု သူ၏အမြင်တွင် သူ၏ညီမငယ်သည် ကောင်းကင်ဘုံကြယ်အင်ပါယာ၏ လူဝင်စားဖြစ်ရန် အမှန်တကယ်ထိုက်တန်ပေသည်။ သူမ၏ ပါရမီအရဖြစ်စေ သူမ၏ ခွန်အားအရဖြစ်စေ သူမသည် လုံးဝ ထူးခြားသည့်သူတစ်ဦးဖြစ်သည်။

“ညီမလေး ဒီတစ်ကြိမ် အောင်မြင်ပြီးသွားရင် သူ့ရဲ့ ခွန်အားဟာ အရင်ကထက် အဆပေါင်းများစွာ ကျော်လွန်သွားတော့မှာပဲ.... ဒီလိုဖြစ်လာရင် တကယ်ပဲ ဆရာ့တပည့်တွေထဲမှာ ငါ အညံ့ဆုံးဖြစ်သွားလိမ့်မယ်..."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now