143

531 39 0
                                    

အခန်း 143- မြင့်မြတ်နယ်မြေများ၏နောင်တ

အလယ်ပိုင်းဒေသ၊ ကောင်းကင်အမွေအနှစ်မျှော်စင်။

ကောင်းကင်အမွေအနှစ်မျှော်စင်သခင် ဟန်ယု သည် ကောင်းကင်အမွေအနှစ်နာရီရှေ့တွင် ကြောင်တက်တက်ဖြင့် ရပ်နေ၏။

ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည့် ဖြစ်စဉ်များ စတင်ဖြစ်ပျက်လာကတည်းက တစ်ခုခု မှားနေပြီကို သူ သတိပြုမိပြီးသားဖြစ်သည်။

သူသည် ရီချန်းဂျီ၏အခြေအနေကို စုံစမ်းရန်မှာ အင်ပါယာတစ်ပါးအား သူ့အဆင့်ဖြင့် မည်သို့မျှမြင်နိုင်ရန် နည်းလမ်းမရှိသဖြင့် အခြားအလင်းတိုင်သုံးခု ထွက်ပေါ်လာရာနေရာကိုသာ ထောက်လှမ်းကာ ကြည့်ရှုနေခဲ့ရသည်။

ကောင်းကင်အမွေအနှစ်နာရီ၏ အဆင့်အတန်းသည်လည်း အလွန်မြင့်မားသောကြောင့် အခြားနေရာအနည်းငယ်မှ အခြေအနေကို သူ လျင်မြန်စွာ မြင်လိုက်ရသည်။

ပုံရိပ်ထဲတွင် လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ တပည့်သုံးယောက်သည် ကောင်းကင်ဘုံလူသားကမ္ဘာ၏ ကောင်းကင်ယံတွင်ရှိနေသော နတ်ဆိုးများနှင့် တိုက်ခိုက်နေကြပြီး အင်ပါယာတစ်ပိုင်း အများအပြားလည်း ပါဝင်တိုက်ခိုက်နေကြသည်။

ထိုမြင်ကွင်းက ဟန်ယုကို ထိတ်လန့်သွားစေသည်။

မည်သို့ပင်ဆိုစေ ထိုနေရာတွင် အင်ပါယာတစ်ပိုင်း အများအပြားရှိနေခဲ့ပေသည်။

ယုဟွမ်း, လိုင်ဟူ, မြေအောက်သခင်, မုယုံထျန်ယု....

တစ်နေရာတည်းတွင် အင်ပါယာတပိုင်းပညာရှင်များအများအပြားရှိနေခဲ့သည်။

အထက်ဆင့်သုံးဆင့်မှ ဘိုးဘေးများမှာ ပြောနေစရာပင်မလိုအောင် အများအပြား ရှိနေပေသည်။

ဤမျှလောက် အစွမ်းထက်သော ခွန်အားဖြင့် မြင့်မြတ်နယ်မြေတစ်ခုကို မဆိုထားနှင့် မြင့်မြတ်နယ်မြေအားလုံးကိုပင် ပြာချပစ်လို့ ရနိုင်ပေသည်။

မြင့်မြတ်နယ်မြေများအားလုံး မဟာမိတိအဖြစ် ပေါင်းလိုက်လျှင်ပင် ၎င်းတို့အင်အားနှင့် မနှိုင်းယှဉ်နိုင်တော့ပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now