48

728 57 0
                                    

အခန်း 48 - ကျင့်ကြံသူဟဲရှုရှင်း

အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ဗိုက်ရွှဲရွှဲနှင့် ဈေးဆိုင်ရှင် တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာ၏။

"လူကြီးမင်းတို့… လီယုဂျူက ခင်ဗျားတို့ကို ဘာ‌များ စော်ကားခဲ့တာ ရှိလို့လဲ သိပါရစေ…"

ထိုလူလတ်ပိုင်းအရွယ် လူကြီးမှာ လီယုဂျူ ၏ ပဉ္စမမြောက် ဆိုင်ခွဲပိုင်ရှင် လီရွှမ် ဖြစ်သည်။ သူသည် လီယုဂျူ ၏ လုပ်ငန်းကို တိုးချဲ့ရန် တာဝန်ယူထားခဲ့သည်။

"အဘိုးကြီး… ကျုပ်တို့က လူကြီးမင်းတွေမဟုတ်ဘူး… လီယုဂျူက ကျုပ်တို့ရဲ့ ထောက်ပံ့သူကို လာရှုပ်ထားတယ်…!"
နားရွက်ချွန်ချွန်နှင့် အမွှေးအမျှင်ထူလပြစ် ရှိသော ယောက်ျားတသ်ဦးက ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ကို အထောက်အပံ့ပေးတဲ့သူရဲ့ နာမည်ကိုတင် မင်းတို့ ကြောက်‌ေသးပါအောင် ကြောက်ကြရလိမ့်မယ်… သူက အခု လက်ရှိ အင်ပါယာရှိတဲ့ဂိုဏ်း ကမ္ဘာ့မြင့်မြတ်နယ်‌မြေကပဲ…။”

လူအုပ်အလယ်မှာရှိနေသည့်  ဟဲရှုရှင်းမှာ မျက်မှောင်သာ တင်းတင်းကြုတ်လိုက်မိသည်။။

"အားလုံးပဲ ဒါက ယုတ္တိမရှိဘူး… ကျုပ်က ကုန်သည်အုပ်ထဲမှာ ရှိနေပေမယ့် ကုန်သွယ်မှုလမ်းကြောင်းရဲ့ အပိုင်းကို စုံစမ်းဖို့ လိုက်လာခဲ့တာ…”

“တကယ်လို့ ငါ့ကို ဖိနှိပ်နိုင်တဲ့ အင်အားကို ထုတ်ပြချင်‌နေရင် မေ့လိုက်တော့.. မဟုတ်ရင် ငါဒီလောက် လွယ်လွယ်နဲ့ လွှတ်‌ ပေးလိုက်မှာမဟုတ်ဘူး…”
လီရွှမ်မှ လေးနက်စွာပြောလိုက်သည်။

လီယုဂျူ သည် လီရှန်းရီ ၏ဖခင်နှင့် ယုထျန်ူရှင်း၏အဘိုးတို့ အတူတကွပူးပေါင်းလုပ်ဆောင်ထားခဲ့သော စီးပွားရေးအသင်းအဖွဲ့၏ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည်။

သူသည် လက်ရှိ လျှို့ဝှက်အစွန်အဖျားဂိုဏ်း အကြောင်းကို ရှင်းလင်းစွာ သိရှိထား၏။

ရီချန်းဂျီမှာ မည်သည့်နည်းနှက့်မျှ ထိုသို့သော သူများကို ထောက်ပံ့‌ပေးမည် မဟူတ်ပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now