67

654 51 0
                                    

အခန်း 67- ဆေးဝါးမျှော်စင် ပျောက်ဆုံးမှုနှင့် ကောင်းကင်ကြယ်မြို့တော် လှုပ်ခတ်ခြင်း

ဂိုဏ်းချုပ်၏ စကားများမှာ လူအများ၏ ဆွေးနွေးမှုကို ရပ်တန့်သွားစေခဲ့သည်။

အားလုံးက သူမကိုကြည့်ကာ ရှင်းပြချက်ကို စောင့်နေကြသည်ကို မြင်လိုက်ရသဖြင့် ဆက်ပြောလိုက်သည်။

"ကျွန်မတို့ရဲ့ သတင်းအရ ဆေးဝါးမျှော်စင်က တိုက်ခိုက်ခြင်းခံခဲ့ရတယ်...။"

“ပထမတစ်ကြိမ်က ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တယ်။ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ယောက်ရဲ့ ဆေးပြား သန့်စင်မှုမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သံသယရှိခဲ့တယ်..."

"အဲဒီနောက် ဆေးဝါးမျှော်စင်က သူတို့ရဲ့ ခံစစ်ဝင်္ကပါတွေအားလုံးကို အသက်သွင်းခဲ့တယ်..."

“ဆေးသန့်စင်ဖို့ ဆေးဝါးမျှော်စင်ကို သွားတဲ့သူတွေ တော်တော်များများကို တားဆီပြီး အပြင်ကနေ အထဲကို အဝင်မခံခဲ့ဘူး... အဲဒါက နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို လူတွေကို သိချင်စေခဲ့တယ်..”

သူမ နှလုံးသားထဲက တုန်လှုပ်ချောက်ချားမှုကို လျှော့ချနိုင်ရန် အသက်ပြင်းပြင်းရှူလိုက်မိသည်။

“အဲဒီနောက်မှာတော့ ကြီးမားတဲ့ ရွှေလက်ဖဝါးကြီးတစ်ဖက်ဟာ ‌ဆေးဝါးမျှော်စင်ဆီကို ပျံသန်းလာပြီး ဆေးဝါးမျှော်စင်တစ်ခုလုံးကို ဆုပ်ညှစ်ချေမွသွားခဲ့တယ်။”

“လက်ဖဝါးပုံရိပ်ကြီး ပျောက်ကွယ်သွားတဲ့အချိန်မှာ ဆေးမျှော်စင်လည်း ပျောက်ကွယ်သွားခဲ့ပြီ....”

“မြေတွင်းကြီးနဲ့ ကြေမွသွားတဲ့ မြေစာတွေပဲကျန်ခဲ့တော့တယ်...”

“နောက်ပြီး သိသိသာသာ ကျုံ့သွားတဲ့ ဆေးဝါးမျှော်စင် သေးသေး‌လေး တစ်ခုလည်း ရှိနေခဲ့တယ်။”

ထိုရှင်းပြချက်ကိုကြားပြီးနောက် လူများစွာသည် ဂိုဏ်းချုပ်ရွှီယီအား ကြောင်တက်တက်ဖြင့် ကြည့်နေခဲ့ကြလေသည်။

ဆေးဝါးမျှော်စင် ပျောက်ကွယ်သွားပြီလားး...

ကျုံ့သွားတာလား...။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now