156

522 34 0
                                    

အခန်း 156- သွေးမီးလျှံဂိုဏ်း၏ တပ်ဖွဲ့များ ရောက်ရှိလာခြင်း

သူတို့နှင့် အနီးကပ်ဆုံးဖြစ်သော အလယ်ပိုင်းဒေသ၏ မြင့်မြတ်သခင်အချို့လည်း အမြန်ရောက်ရှိလာခဲ့ကြသည်။

ဝင်္ကပါစည်းမျဉ်းများကို လုံးဝပြောင်းလဲသွားစေသည့် အင်ပါယာလက်နက်ဝင်္ကပါအူတိုင်ကို မြင်လိုက်လျှင် အချင်းချင်း ထိတ်လန့်စွာကြည့်လိုက်မိကြသည်။

ဝမ်ရှင်းနန်းတော်သခင် လုကျုံးဟန်သည် သူ၏အံသွားများကို တင်းတင်းကြိတ်ကာ အင်ပါယာလက်နက်ဝင်္ကပါနှင့် ပြန်လည်ဆက်နွယ်ရန် စတင်ကြိုးစားခဲ့လိုက်သည်။

သူ၏ စိတ်ဝိဉာဉ်အာရုံများသည် ဝင်္ကပါနှင့် ချိတ်ဆက်သွားပြီး ဝင်္ကပါ၏ အူတိုင်ထဲသို့ ဝိညာဉ်စွမ်းအင်များ စတင်ထည့်သွင်းလိုက်သောအခါ သူ အံ့အားသင့်သွားခဲ့ရသည်။

သူနားလည်နိုင်သရွေ့ပြောရလျှင် ဝင်္ကပါတစ်ခုလုံး၏ စွမ်းအားသည် အနည်းဆုံး အဆပေါင်းများစွာ ပိုအားကောင်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် အစီအရင်ဝင်္ကပါကို ထိန်းချုပ်ရန် လိုအပ်သော ကျင့်ကြံအဆင့်မှာလည်း တိုးလာကြောင်း ထင်ရှားစွာ သိလိုက်ရသည်။

လုကျုံးဟန်သည် အစီအရင်ဝင်္ကပါကို ထိန်းချုပ်ရန်မှာ သူ့အတွက်ပင် အနည်းငယ် ခက်ခဲနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။

ယခင်က ဤအစိအရင်ကို သူ လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့သည်။

သူ့အမူအယာကို ကြည့်ပြီး အစီအရင်ဝင်္ကပါကို ထိန်းချုပ်နိုင်သည့် စွမ်းအားရှိသည့် တခြား အကြီးအကဲများလည်း စပြီး စမ်းသပ်ခဲ့ကြသည်။

မကြာခင်မှာ လူများ ပိုပိုပြီး အံ့သြသွားကြရလေသည်။

"ဒါက အင်ပါယာရဲ့ ခွန်အားလား... ဒီနေရာကို ပေါ့ပေါ့ပါးပါး ခရီးထွက်လာရုံနဲ့ အင်ပါယာလက်နက်ဝင်္ကပါရဲ့ စွမ်းအားကို ပိုမိုအားကောင်းလာစေခဲ့တယ်....”

“ဟူး... နှမြောစရာကောင်းလိုက်တာ... ကျင့်ကြံမှုလိုအပ်ချက်က အရမ်းများနေပြီ... ငါ မထိန်းချုပ်နိုင်တော့ဘူး..."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now