126

530 43 0
                                    

အခန်း 126- အင်ပါယာက ငါ့တပည့်လား

ပုယီကျန်းရန် လက်ထဲတွင် ရှေးဟောင်းစာအုပ်တစ်အုပ်အား ကိုင်ထား၏။

ထိုစာအုပ်မှာ မြေအောက်တွင် တွေ့ရသော ရှေးဟောင်းဂိုဏ်းတစ်ခု၏ မှတ်တမ်းများဖြစ်သည်။

ထိုကဲ့သို့ မြေအောက်မှတ်တမ်းများ အများအပြားပင် သူတွေ့ရှိခဲ့သည်။

သူကိုင်ထားသည့်စာအုပ်မှာ ချီဟွမ်းမျိုးနွယ်စုအကြောင်းရေးသားထားသည့် အချက်အလက်အချို့ရေးသားထားသည့် မှတ်တမ်းစာအုပ်သည်။

"ဘယ်နှစ်ခေါက်ပဲဖတ်ဖတ်... မြင့်မြတ်နယ်မြေတွေကိုတောင် အတော်လေးတုန်လှုပ်အောင် လုပ်နိုင်တဲ့ မျိုးနွယ်တစ်ခု ရှိခဲ့တယ်ဆိုတာကို ငါ မယုံနိုင်နေတုန်းပဲ..."

ပုယီကျန်းရန်မှာ သူဖတ်ဖူးသည့် မှတ်တမ်းများကို တွေးတောရင်း သက်ပြင်းသာချလိုက်မိသည်။

မှတ်တမ်းအရ ချီဟွမ်းမျိုးနွယ်စုသည် အားကောင်းလွန်းလှသည်။

သူတို့သည် သတ်ဖြတ်ခြင်းတွင်မွေ့လျော်ပြီး သေဆုံးခြင်းချီကို စုပ်ယူကြသည်။ သတ်ဖြတ်ခြင်းသည်ပင် ၎င်းတို့၏ ကျင့်ကြံနည်းစနစ်ဖြစ်သည်။

သူတို့အတွက်မှာ များများသတ်လေ သန်မာလာလေဖြစ်သည်။

အခြား အင်အားစုများမှာ သူတို့အား မည်သို့တိုက်ခိုက်နိုင်တော့မည်နည်း။

အင်ပါယာများ မပေါ်ထွန်းသေးသောခေတ်တွင် ချီဟွမ်းမျိုးနွယ်သည် အင်အားအရှိဆုံး မျိုးနွယ်ဖြစ်သည်။

သူတို့သည် ကောင်းကင်ဘုံလူသားကမ္ဘာကြီး၌ သွေးမုန်တိုင်းထန်စေခဲ့သည်။

ကံအားလျော်စွာ အင်ပါယာကျူးလု ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးအား ဦး‌ဆောင်ခဲ့သည်။

"ဆိုးတာက အခုထိ ကမ္ဘာပေါ်မှာ ကျန်ရှိနေသေးတဲ့ သူတို့မျိုးနွယ်ရဲ့ အစေအပါးအင်အားစုတွေက သူတို့ကို လွှတ်ပေးပြီး လျှို့ဝှက်အစွန်အဖျားဂိုဏ်းကို ပစ်မှတ်ထားဖို့ စောင့်ဆိုင်းနေတယ်..."

ပုယီကျန်းရန် အလွန်စိုးရိမ်နေလေသည်။

“ရှင်သန်ကျန်ရစ်တဲ့ မြေအောက်မျိုးနွယ်စုက အရမ်းအစွမ်းထက်ပြီး ထူးဆန်းတယ်... သူတို့ပေါ်ထွက်လာတာနဲ့ တစ်ကမ္ဘာလုံး ကမောက်ကမ ဖြစ်သွားတော့မှာပဲ...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now