107

584 43 0
                                    

အခန်း 107- အခြားကမ္ဘာသို့မိတ်ဆက်

ရီချန်းဂျီသည် ရတနာပစ္စည်းအချို့ကို ကောင်းကင်ဥမင်ထဲသို့ ယူဆောင်သွားလေ့ရှိပြီး သူကျင့်ကြံခြင်း ပြီးဆုံးချိန်တွင် ပြန်လည်ထုတ်ယူလာတတ်သည်။

သူနှင့်အနီးကပ်ရှိနေတတ်သည့် ဝင်္ကပါတာအိုဘုရားကျောင်းနှင့် ကုန်းစွန်းမိသားစုဝင်များမှာ ထိုပြန်လည်ထုတ်ယူလာသည့် ရတနာများ၏ ထူးဆန်းသည့်ပြောင်းလဲမှုများကို တွေ့ခဲ့ရသည်။

ချန်ဟဲတစ်ယောက် ငွေရောင်ထင်းတုံးကို အင်ပါယာ ထုတ်ယူလာသည်ကို ပထမဆုံးမြင်ဖူးသည့်အချိန်ကို အမြဲအမှတ်ရနေခဲ့သည်။

အစက ငွေရောင်ထင်းတုံးသည် ကျိုးပဲ့နေသည့် ရတနာဖြစ်သည်။ ၎င်းသည် ကောင်းမွန်စွာ ထိန်းသိမ်းထားရုံသာ ရတော့သည့် ပစ္စည်းတစ်ခုဖြစ်သည်။

သို့သော် အင်ပါယာသည် အစီအရင်အတွက် ၎င်းကို မရှိမဖြစ် ပစ္စည်းအဖြစ် လိုအပ်နေသည်။

သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။ ထိုအချိန်တွင် ချန်ဟဲ နှင့် အခြားလူများမှာ ၎င်းငွေထင်းတုံးကို အသစ်ပြန်ရှာရန် သို့မဟုတ် အစားထိုးရန် နည်းလမ်းရှာရန်သာ အကြံပြုခဲ့သည်။

သူတို့ ဦးနှောက်ခြောက်အောင်စဥ်းစားနေစဥ်မှာပင် လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာသည် ငွေထင်းတုံးကို ယူသွားခဲ့သည်။ မည်သည့်နေရာကို ဘာလုပ်ရအောင်ယူသွားမှန်း မည်သူမှ မသိခဲ့ကြပေ။

လဝက်ခန့်ကြာသောအခါ အင်ပါယာ ထိုငွေထင်းတုံးကို ပြန်လည်ထုတ်ယူလာခဲ့သည်။

ထိုအချိန်တွင် ချန်ဟဲမှာ ငွေရောင်ထင်းတုံးကို မြင်လိုက်ရချိန် သူ့မျက်လုံးများကိုပင် မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။

ငွေရောင်ထင်းတုံးမှ ထူထဲသော အသက်စွမ်းအင်အော်ရာတစ်ခု ထွက်ပေါ်နေခဲ့လေသည်။

တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာကြောင့် ကျိုးပဲ့သွားသဖြင့် အလှသက်သက်ထိန်းသိမ်းထားခဲ့ရသော ထင်းတုံးအကျိုးကြီးသည် အင်ပါယာယူသွားပြီးနောက်မကြာခင်တွင် အညှောက်ပေါက်ပြီး ကြီးထွားနေခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now