186

499 31 0
                                    

အခန်း 186- ထူးဆန်းသော နတ်ဆိုးမျိုးနွယ်

အားဟူတစ်ယောက် ပုံမှန်အတိုင်း သားကောင်ဖမ်းရန် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့၏။

သူ့တစ်ကိုယ်လုံးကို ရွှံ့နွံထဲတွင် နှစ်မြှုပ်ထားပြီး‌ ခေါင်းကိုသာ မြေကြီးအထက်တွင် ထုတ်ဖော်ထားသည်။

မြေကြီးအ‌ပေါ်ထုတ်ထားသော သူ့ခေါင်းကို ထူထဲသော အကိုင်းအခက်များဖြင့် ဖုံးအုပ်ထား၏။

မရဏတောအုပ်တွင် အလွန်ရှားပါးသော ဝိညာဉ်သားရဲအချို့ရှိတတ်သည်။

ထိုဝိညာဥ်သားရဲများ၏အမွေးနှင့် အမြုတေများကို စျေးကောင်းကောင်းဖြင့် ရောင်းချနိုင်သောကြောင့် ၎င်းတို့ကို နတ်ဆိုးများစွာမှာ အမဲလိုက်နေကျဖြစ်သည်။

ကံမကောင်းစွာပင် ယခင်တလောက တောအုပ်ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များဖြစ်ထားခဲ့သဖြင့် သားကောင်တော်တော်များများမှာ ကြောက်လန့်စွာ ပုန်းအောင်းနေခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် အားဟူသည် ဤနေရာဒေသ၌ အမဲလိုက်ခြင်းတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

မရဏတောအုပ်တွင် နတ်ဆိုးများကိုပင် ကြောက်ရွံ့ထိတ်လန့်စေသည့် အန္တရာယ်အမျိုးမျိုးရှိသည်။

သို့သော်လည်း အားဟူသည် ဤနေရာနှင့် အလွန်ရင်းနှီးပြီး ပိုမိုနက်ရှိုင်းသော နေရာများသို့ပင် ဝင်ရောက်ခဲ့ဖူးသည်။

ဤနေရာတွင် သူနှင့်အတူ သားကောင်အမဲလိုက်ရာတွင် ပြိုင်ဘက်ဖြစ်လာမည့် နတ်ဆိုးများ ရှိမည်ကိုတော့ သူ မစိုးရိမ်ပေ။

မရဏတောအုပ်သို့ နတ်ဆိုးများ ရောက်ခဲပေသည်။ အကြောင်းမှာ သစ်တောတဝိုက်အား အလွန်အန္တရာယ်များသော နတ်ဆိုးမြူခိုးများဖြင့် ဝန်းရံထားခြင်းကြောင့် ဖြစ်သည်။

သူသည်လည်း အထူးနည်းလမ်းမရှိလျှင် ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။

သူပုန်းခိုနေသော ရွှံ့နွံထဲတွင်ပင် အလွန်ပြင်းထန်သော သေစေနိုင်သည့် အော်ရာများ ရှိနေသေးသည်။ ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းအတွင်း မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ၏ သေဆုံးခြင်းမှ ဖြစ်လာခဲ့သော ရလဒ်ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now