155

501 33 0
                                    

အခန်း 155- အင်ပါယာလက်နက်ဝင်္ကပါကို အဆင့်မြှင့်တင်ခြင်း

အလင်းများထွက်ပေါ်နေသော အင်ပါယာလက်နက်နှစ်ခုသည် အလွန်အားကောင်းနေပုံရလေသည်။

ဝမ်ရှန်းတာအိုဂိုဏ်းအကြီးအကဲနှင့် အခြားအင်အားစုများ၏ အကြီးအကဲများသည် အံ့အားသင့်သွားကြသည်။

"ဒါက အင်ပါယာအဆင့်လက်နက်တွေလား... ဘယ်လောက်တောင် အားကောင်းတဲ့ စွမ်းအင်လှီုင်းတွေလဲ...!"

"ဒီအင်ပါယာအဆင့်လက်နက်က ငါတို့ဂိုဏ်းရဲ့ ကောင်းကင်မိုးကြိုးနတ်ဘုရားကြာပွတ်ထက်တောင် ပိုအားကောင်းတယ်လို့ ငါ ဘာလို့ခံစားနေရတာလဲ..."

“ဒါက ငါထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး... တကယ်ပဲ ဒီအင်ပါယာလက်နက်က ငါတို့ဂိုဏ်းကဟာထက် ပိုအားကောင်းတယ်လို့ တကယ် ခံစားနေရတာပဲ...”

သူတို့၏ဆွေးနွေးနေမှုများကို လျစ်လျူရှုလိုက်ရင်း ရီချန်းဂျီသည် အစီအရင်ကို ပြင်ဆင်ရန် စတင်လုပ်ဆောင်ခဲ့လိုက်သည်။

သူ့လက်ကို မြှောက်လိုက်ပြီး အစီအရင်၏ အလယ်ဗဟိုသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ဝင်္ကပါထဲမှ နဂိုရှိနေသည့် အင်ပါယာလက်နက်အားလုံး တဖြည်းဖြည်း အေးခဲသွားလေသည်။

အင်ပါယာလက်နက်ဝင်္ကပါတစ်ခုလုံး၏ လုပ်ဆောင်မှုကို ရပ်တန့်လိုက်ပြီးနောက် ရီချန်းဂျီသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝင်္ကပါထဲမှ အင်ပါယာအဆင့်လက်နက်အားလုံးကို သူ့ရှေ့တွင် တိုက်ရိုက်ခေါ်ထုတ်လိုက်သည်။

အစီအရင်ကို စောင့်ကြပ်နေသော မြင့်မြတ်နယ်မြေများမှ အကြီးအကဲများ မတုံ့ပြန်နိုင်မီတွင် လေထဲတွင် လွင့်မျောနေသော အင်ပါယာလက်နက်များ ပျောက်ကွယ်သွားခဲ့၏။

ထို့နောက် ထိုနေရာမှ ရီချန်းဂျီလည်း ပျောက်ကွယ်သွားကာ အင်ပါယာလက်နက်များ အခြေချထားသော အခြားနေရာများတွင် ထွက်ပေါ်လာသည်။ ထို့နောက် အင်ပါယာလက်နက်များကို သိမ်းယူကာ ပျောက်ကွယ်သွားပြန်သည်။ ထိုသို့ဖြင့် အင်ပါယာလက်နက်ဝင်္ကပါတွင် အသုံးပြုထားသော အင်ပါယာလက်နက်များအားလုံးကို ရီချန်းဂျီ သိမ်းယူသွားခဲ့လေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now