136

508 42 0
                                    

အခန်း 136: အသင်္ချေပန်းကမ္ဘာမှ ထွက်ခွာခြင်း

လီထျန်းချီ ကိုတွေ့လိုက်ရသောအခါ လူအများမှာ အံ့ဩသွား ကြသည်။

ဝူယွမ်ဖေးနှင့် အဖွဲ့သည် ဝူယွမ်ဖေး၏အမွေအနှစ် ဆက်ခံခဲ့သည့်နေရာကို သိနေကြပြီဟု သံသယရှိနေကြသည်။

ဤသည်မှာ စမ်းသပ်မှုတစ်ခုမျှသာမဟုတ်ပေ။ အမွေအနှစ်ကိုရှာဖို့ သူတို့စီစဉ်ထားပြီးသားဖြစ်နိုင်သည်ဟု ထင်လာကြသည်။

မဟာမိတ်ရှစ်ဂိုဏ်းနှင့် မိစ္ဆာမျိုးနွယ်တို့သည် ၎င်းတို့ကို မရပ်တန့်ခဲ့ပေ။

ယခုတည်ဆောက်ထားပြီးသော သင်္ဘောပျံသည် အမှန်တကယ် ဟင်းလင်းပြင်ထဲအထိ ရွက်လွှင့်နိုင်စွမ်းရှိနေကြောင်း သူတို့ သိရှိထားခဲ့ကြသည်။

ကျောက်ဟန်ပါ တစ်ခါတည်း ပါဝင်နေသည်ကို ထည့်သွင်းစဉ်းစားလျှင် သူတို့ အတော်ဝေးသည့် အကွာအဝေးအထိ ရွက်လွှင့်ရန် လုံလောက်နေပြီ ဖြစ်သည်။

အမွေအနှစ်ကို ရှာဖွေမည်ဆိုပါက ယခုအချိန်ထွက်ခွာသွားခြင်းသည် ကျိုးကြောင်းဆီလျော်ပေလိမ့်မည်။

လီထျန်းချီမှာ တည်နေရာအစစ်အမှန်ကို အတည်ပြုရန် လိုက်ပါသွားခြင်း ဖြစ်ရမည်ဖြစ်သည်။

သင်္ဘောပျံကြီး စတင်ရွေ့လျားလာသည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။

လှပသော မီးတောက်တစ်ခုသည် ကောင်းကင်၌ မျဥ်းကွေးသဏ္ဍာန် ပျံသန်းထွက်ခွာသွားခဲ့၏။

ကျင့်ကြံသူ အများအပြား လာရောက်စောင့်ကြည့်နေကြသည်။

တစ်ချို့မှာ လိုက်ပါပျံသန်းရန်ကြိုးစားကြည့်ကြသည့်တိုင် သင်္ဘော၏ အမြန်နှုန်းကို လိုက်မမီနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

မဟာမိတ်ရှစ်ဂိုဏ်းမှလူများသည် ၎င်းတို့၏ပြန်လာခြင်းကို စောင့်မျှော်နေကြသည်။ ဝူယွမ်ဖေး အဝေးသို့ သွားသည်ဖြစ်စေ အနီးတစ်ဝိုက်တွင်သာ စမ်းသပ်ခြင်းဖြစ်စေ အချိန်တန်သောအခါ အမွေအနှစ်၏ အကျိုးကို သူတို့ ရရှိပေလိမ့်မည်။

ယခုတစ်ခေါက်သည် စမ်းသပ်မှုသာဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ခဲ့ပါက အင်ပါယာသည် နောင်တစ်ချိန်တွင် အသင်္ချေပန်းကမ္ဘာသို့ ရောက်လာရန်အတွက် နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ရန် ကြီးမားသော ပံ့ပိုးကူညီမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now