118

583 39 0
                                    

အခန်း 118- ပြင်ပကမ္ဘာ၏ အင်ပါယာတစ်ပိုင်း အဆင့် ကျူးကျော်သူများရောက်ရှိလာခြင်း

လီယွမ်ယင်မှာ ထိုအကြောင်းကို တွေးလေလေ သူမ ပိုမိုကြောက်ရွံ့လာလေလေဖြစ်သည်။

ယခုအဖြစ်အပျက်များမတိုင်မီက မြင့်မြတ်နယ်မြေများသည် လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာကို သာမန်အင်ပါယာအဖြစ် သတ်မှတ်ခဲ့ကြသည်။

"လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာက သာမန်အင်ပါယာမဟုတ်တာ ဖြစ်နိုင်သလား... သူက အင်ပါယာအဆင့်ထက် ပိုအားကောင်းနေတာ အသိသာကြီး မဟုတ်ဘူးလား...”

"ငါတို့ လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာနဲ့ ငါတို့ရဲ့ဆက်ဆံရေးကို ပြောင်းလဲရမယ်... ငါတို့ရဲ့ သဘောထားကို ပြောင်းလဲရမယ်... ဒီလိုမှမဟုတ်ရင် နှစ်ပေါင်းထောင်သောင်းမက တည်ရှိခဲ့တဲ့ ပင်လယ်ဘုရားကျောင်းကို ဒီမျိုးဆက်မှာ ဖျက်စီးခံလိုက်ရလိမ့်မယ်...”

လီယွမ်ယင် တိတ်တဆိတ်ပင် ဆုံးဖြတ်ချက်ချလိုက်မိသည်။

လိုအပ်သည့် အမိန့်များပေးပြီးနောက် သူမ ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာ၏ လုပ်ဆောင်ချက်များကိုတွေးတောမိလျှင် သူမ ယခုတိုင် တုန်လှုပ်နေရဆဲဖြစ်သည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်း... မီးသစ်တောတောင်ထိပ်...။

ရီချန်းဂျီသည် သူ၏ ရည်မှန်းချက်အဆင့်တစ်ခုကို ပြီးမြောက်ခဲ့ပြီးဖြစ်သဖြင့် အနားယူရန် စီစဉ်ခဲ့၏။

သူ့ တပည့်အားလုံးလည်း သူ့ရှေ့တွင် ရောက်နေကြလေသည်။ အမှန်မှာ ရီချန်းဂျီ၏ တပည့်‌လေးဦးလုံး အတူတကွ ဆုံဖြစ်ကြသည်မှာ ဤတစ်ကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“တပည့်တို့... ဒါက မင်းတို့ရဲ့ ညီမငယ် ယုထျန်ရှင်း... သူမက ကောင်းကင်ကြယ်အင်ပါယာ လူပြန်ဝင်စားလာတဲ့သူဖြစ်ပြီး သူမရဲ့အတိတ်ဘဝမှတ်ဉာဏ်တွေ ပြန်နိုးကြားနေပြီ...”

ရီချန်းဂျီမှ တပည့်နှစ်ယောက်ကို တစ်ယောက်နင့်တစ်ယောက် မိတ်ဆက်ပေးနေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now