21

906 76 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း 21 - ဓားနှစ်လက် ယှဥ်ပြိုင်တိုက်ခိုက်ခြင်း

လုချန်မင် သူ့လက်ကို ဝှေ့ယမ်းလိုက်လျှင် လက်ထဲတွင် သွေးနီရောင် ဓားရှည်တစ်လက် ပေါ်လာ၏။

သွေးနီဓားကို မြှောက်လိုက်ချိန်တွင် လုချန်မင်၏ အမူအရာမှာ  အလွန်ပင် လေးနက်နေလေသည်။ အော်ရာများလွင့်ပျံသွားကာ သူ့ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်မှာ ဖရိုဖရဲ ပြုဲကွဲအက်သွားလေသည်။

သူ့လက်ထဲတွင်ရှိသော ဓားရှည်သည် အနီရောင်မှ အနက်ရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ ဓားရိုးထိပ်တွင် တွင်းနက်တစ်ခု ဖြစ်ပေါ်လာပြီး ၎င်းပတ်လည်ရှိ လေထုအား ပျက်စီသွားစေ၏။

လုချန်မင်၏ အော်ရာသည်လည်း ဆက်လက် မြင့်တက်လာနေခဲ့သလို သူ့မျက်လုံးကို မှိတ်ထားလျှက်ပင်ရှိသည်။ မျက်လုံးများအားဖွင့်လိုက်ချိန်တွင် သူ့အကြည့်များမှာ လူအများ၏ ဝိညာဉ်များကို ဖမ်းဆုတ်ထားသလို ခံစားချက်အား ပေးစွမ်းနိုင်သော ဓားတစ်လက်နှင့်ပင် တူနေလေသည်။

အားကောင်းလွန်းလှသော ဓားစိတ်ဆန္ဒတစ်ခုက သူ့ပတ်ဝန်းကျင်တွင် စုရုံးလာနေခဲ့သည်။

သူ့အထက်က ကောင်းကင်ကြီးမှာ လျှင်မြန်စွာ နက်မှောင်သွားပြီး သူ့အောက်က မြေပြင်မှာ ပြင်းထန်သည့်ါ ဖိအားအောက်တွင် ရှိနေပုံရ‌သည့်အလား အောက်သို့ကျွံဝင်သွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်လာစေသည်။

လုချန်မင်၏မျက်လုံးများသည် ဓားကို ခုတ်ပိုင်းချလိုက်သောအခါ သွေးနီရောင်သို့ ပြောင်းလဲသွားလေသည်။

ကြီးမားသောဓားအလင်းတန်းသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းသွားခဲ့သည်။ ဓားစိတ်ဆန္ဒမှာ အလွန်ပင်ထက်ရှနေပြီး လေထဲတွင် လေချွန်နေသကဲ့သို့ ရွှီ ရွှီမည်သံပင် ထွက်ပေါ်လာလေသည်။

စတုတ္ထဘိုးဘေးနှင့် ပဉ္စမဘိုး‌ဘေးတို့မှာ ထိုမြင်ကွင်းကိုမြင်လျှင် သူတို့၏မျက်နှာများသည် ဖြူဖျော့သွားကြ‌တော့သည်။ သူတို့နှစ်ယောက်၏ ရှိရှိသမျှ စွမ်းအား အားလုံးကို ဖြန့်ကျက်ကာ ကာကွယ်လိုက်ရင်း ရွှေခေါင်းလောင်းကလည်း သူတို့နှစ်ယောက်အား ကာကွယ်ရန် လျှင်မြန်စွာ သူတို့အနားသို့ တိုးလာ‌နေခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now