151

521 36 0
                                    

အခန်း 151- စတုတ္ထတပည့်

“ငါ မင်းကို နာမည်ပေးမယ်... မင်းကို ငါ့မျိုးရိုးနာမည်ကိုယူပြီး ရီရှင်းချန် လို့ခေါ်လိုက်မယ်..."

"နာမည်ဆိုတာ ဘာလဲ..."

"မျိုးရိုးနာမည်ဆိုတာက ဘာလဲ..."

"ရီရှင်းချန် ဆိုတာ ဘာလဲ..."

ရီချန်းဂျီ ထင်ထားသည့်အတိုင်းပင်။ ဤတပည့်သည် ကလေးငယ်လေးလိုပင်ဖြစ်ကာ ဘာကိုမျှပင် မသိနားလည်းပေ။

ယခု သူတို့ ဆက်သွယ်ပြောဆိုနေပုံမှာလည်း အတွေးများနှင့် ခံစားချက်များကို စိတ်စွမ်းအင်ဖြင့် ပေးပို့နေခြင်းဖြစ်သည်။ စကားလုံးများနှင့် ဆက်သွယ်နေခြင်း မဟုတ်ပေ။

ရီချန်းဂျီ မျက်မှောင်ပင် ကြုတ်လိုက်မိသည်။

"ကြည့်ရတာ သူ့ကို အခြေခံအကျဆုံးအရာတွေကို အရင်သင်ပေးမယ့်လူကို ရှာရမယ်...."

သူ့မှာ လုပ်စရာများစွာရှိနေသဖြင့် ကလေးတစ်ယောက်ကို တစ်နေ့ကုန် လိုက်ကြည့်ပြီး ဂရုစိုက်မနေနိုင်ပေ။

“ဒါက မင်းအတွက် ကျင့်ကြံရမယ့် ကျင့်စဥ်ပဲ... အနာဂတ်မှာ မင်းငါ့ဆီကနေ ဖြည်းဖြည်းချင်း သင်ယူနိုင်တယ်..."

ရီချန်းဂျီသည် သူရရှိခဲ့သော ကောင်းကင်နတ်ဆိုး ကြယ်တာရာအသွင်ပြောင်းခြင်းကို ရီရှင်းချန်၏စိတ်ထဲသို့ စိတ်စွမ်းအင်ဖြင့် လွှဲ‌ပြောင်းပေလိုက်သည်။

သူ့ခန္ဓာကိုယ်အား လှည့်ပတ်နေသည့် အလင်းလုံးလေးမှာ ချက်ချင်း ရပ်တန့်သွား၏။

သိပ်မကြာခင်မှာပင် ရီရှင်းချန် ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေသည်။

အလွန်လျင်မြန်စွာနှင့်ပင် အဖြူရောင်အလင်းကို ထုတ်လွှတ်နေလျှက်ရှိသော အလင်းလုံးလေးသည် အဖြူတစ်ဝက်နှင့် အနက်တစ်ဝက်အဖြစ်သို့ ပြောင်းလဲသွား၏။

"ဒီကောင်လေးရဲ့ သင်ကြားမှုအမြန်နှုန်းက တော်တော်ကောင်းတယ်..."

သူ့ကိုချီးမွမ်းပြီးနောက် ရီချန်းဂျီသည် ဝိညာဉ်အလင်းခေါင်းလောင်းကို ၎င်းဆီသို့ ပစ်ချလိုက်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now