24

877 65 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၂၄ - အနောက်သမုဒ္ဒရာအသင်္ချေဓားဂိုဏ်းမှ လူများ

လျှို့ဝှက်အစွန်အဖျားဂိုဏ်း...  ပင်မတောင်ထိပ်။

ဂိုဏ်းချုပ်နှင့် ဌာနခွဲခုနစ်ခုမှ အကြီးအကဲများစွာတို့သည် ဂိုဏ်းဧည့်ခန်းမထဲတွင် ထိုင်နေကြသည်။

လွန်ခဲ့သည့်လအနည်းငယ်ခန့်က အသင်္ချေဓားဂိုဏ်းသည် သူတို့ပိုင်နက် အနောက်ဘက်ဒေသမှ ဤနေရာသို့ ရောက်လာပြီး အဖိုးတန်ဓား အချို့ကို ရောင်းဝယ်ဖောက်ကားလိုကြောင်း သတင်းပို့လာခဲ့သည်။

ဝမ်ချန်းဂိုဏ်းနှင့် အသင်္ချေဓားဂိုဏ်းတို့နှင့် ယခင်အခါများက တွေ့ဆုံဆက်ဆံခဲ့ရာမှ အတွေ့အကြုံအချို့ရရှိခဲ့သည့် လျှို့ဝှက်အစွန်အဖျားဂိုဏ်းသည် ယခုတစ်ခေါက်တွင် အစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်သည်။

ထိုမြင့်မြတ်နေရာများသည် ဆက်ဆံရ ခက်ခဲတင်းမာကြပြီး အလျှော့လည်း မပေးတတ်ကြပေ။ လျှို့ဝှက်အစွန်အဖျားဂိုဏ်းသည် ၎င်းတို့အား အနိုင်ကျင့်ခြင်း မပြုရန်၊ ၎င်းတို့နှင့် ထိပ်တိုက်တွေ့ရန် အစပျိုးခြင်း မပြုရန်၊ အခြားသူများကို နှိမ့်ချခြင်း မပြုရန် ဟိုးယခင်ကတည်းက ဆုံးဖြတ်ထားခဲ့သည်။

ဘိုးဘေးလေးပါးသည်လည်း သူတို့တာဝန်ကို အဆင်သင့်ယူထားပြီးဖြစ်ကာ လျှို့ဝှက်ခန်းထဲမှနေ၍ တောက်လျှောက် စောင့်ကြည့်နေကြပေလိမ့်မည်။

ထိုအချိန်တွင် ရီချန်းဂျီသည် သူ၏ပိုင််ဆိုင်မှုများထဲမှ လိုအပ်သည့်ပစ္စည်းများနှင့် မလိုအပ်သည်များကို ခွဲထုတ်နေခဲ့လေသည်။ ပိုသန်မာဖို့က သူ့အတွက် ပိုအရေးကြီးသဖြင့် ဂိုဏ်းသို့ ဧည့်သည်များ လာရောက်ခြင်းပွဲအတွက် လီရှန်းယီအား စေလွှတ်ထားခဲ့လေသည်။

မီးသစ်တောတောင်ထိပ်မှ ကိုယ်စားပြုလာသောသူမှာ ရီချန်းဂျီ မဟုတ်ဘဲ သူ့တပည့်သာ ဖြစ်နေခဲ့သည်ကို အကြီးအကဲများ မြင်လျှင် သူတို့၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်စပြုလာခဲ့ကြသည်။

“ဒီကလေးက ဂိုဏ်းကို သူ့မျက်လုံးထဲမှာ မထားတော့ဘူး။ အရင်တုန်းက သူတို့ရဲ့ တည်ရှိနေမှုဟာ အားနည်းသွားချိန်တုန်းကတော့ ဒီကလေး ရီချန်းဂျီက တတ်နိုင်သမျှ ရှေ့ထွက်လာသေးတယ်...။”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now