9

1K 95 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၉ - ပြန်လည်မွေးဖွားခြင်း

ဖာရာမြို့တော်မှာ လျှို့ဝှက် အစွန်အဖျားဂိုဏ်းအနီးတွင် တည်ရှိသော အကြီးဆုံးမြို့တော် ဖြစ်သည်နှင့်အညီ ထိုဒေသတဝိုက်၏ လုံခြုံရေးမှာလည်း လျှို့ဝှက်အစွန်အဖျားဂိုဏ်း အပေါ်တွင် အနည်းနှင့်အများ မှီခိုနေပေသည်။

ပတ်ဝန်းကျင်နယ်မြေတွင် အလုံခြုံဆုံးဟု သတ်မှတ်နိုင်သဖြင့် မြို့တော်မှာလည်း အလိုအလျောက်ပင် စီးပွားရေးမြို့တော်ဖြစ်လာကာ ကုန်ပစ္စည်းမျိုးစုံတို့ လည်ပတ်ရောင်းချရာ နေရာဖြစ်လာခဲ့သည်။

လီမိသားစု အိမ်တော်ဝင်းအတွင်းတစ်နေရာတွင် လူငယ်လေးတစ်ဦးမှာ အိပ်ယာပေါ်တွင် အရက်ထိုင်သောက်လျှက်ရှိ၏။

မုတ်ဆိတ်ကျင်စွယ်များမှာလည်း မရိတ်မသင်, ဆံပင်တို့မှာလည်း မဖြီးမသင်သဖြင့် ကြည့်ရသည်မှာ ရှိရင်းစွဲအသက်ထက် ပို၍ အိုစာသယောင်ဖြစ်နေလေသည်။

ထိုလူငယ်မှာ လီရှန်းရီပင် ဖြစ်သည်။ လီမိသားစု၏ သခင်လေးလည်း ဖြစ်သည်။

လီမိသားစုခေါင်းဆောင် လီယန်းလန်မှာ လီရှန်းရီထလာသည်ကိုမြင်လျှင် ဒေါသချောင်းချောင်းထွက်လျှက်သာ ရှိနေတော့သည်။

"မင်းဘာလိုဒီလောက်တောင် စိတ်ဓာတ်ကျနေရတာလဲ"

"ဒီမှာ လျှို့ဝှက်စွန်းဖျားဂိုဏ်း... မီးသစ်တောတောင်ရဲ့ခေါင်းဆောင်ရောက်လာတယ်"

"ဟမ်...လျှို့ဝှက်စွန်းဖျားဂိုဏ်းလား?''

ဒါကိုမြင်တော့ ရီချန်းဂျီ က"ငါက လျှို့ဝှက်စွန်းဖျားဂိုဏ်း မီးသစ်တောင်တောင်ရဲ့ ခေါင်းဆောင် ရီချန်းဂျီပါ....ငါ့ကို မင်းဖြစ်ပျက်ခဲ့သမျှကိုပြောပြနိုင်မလား"

ဒါကိုကြားတော့ လီရှန်းရီမှာ အချိန်ကြာမြင့်စွာ သူ့စိတ်ထဲတွင် သိမ်းထားသည့်အရာများကို အကုန်အစင် ထုတ်ဖော်ပြောပြလိုက်တော့သည်။

“ကျုပ် အသက် ၁၆နှစ်မှာ မိဘတွေကို ခွင့်တောင်းပြီး အလယ်ပိုင်းဒေသကို မြင်းတစ်ကောင်နဲ့ ထွက်လာခဲ့တယ်...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now