148

522 33 0
                                    

အခန်း 148- ဖျက်စီးခံလိုက်ရသောကမ္ဘာငယ်

“ငါတို့ အများကြီး ကြုံတွေဖူးပြီးသားပဲ... အခု ငါတို့ရှေ့မှာ နောက်ထပ်အခွင့်အရေးတစ်ခုရှိနေသေးတယ်... ငါတို့က ဖမ်းဆုတ်ကြရမယ်...."

အင်ပါယာ၏ ကြီးကျယ်ခမ်းနားသော အသံထွက်ပေါ်လာသောအခါ အားလုံး တိတ်သွားကြသည်။

"အင်ပါယာတစ်ပိုင်းလေးဆယ့်ကိုးပါးနဲ့ ငါတို့ရဲ့လျှို့ဝှက်ဝင်္ကပါရဲ့အကူအညီနဲ့ဆိုရင် ဘယ်အင်ပါယာကိုမဆိုနှိမ်နင်းဖို့လုံလောက်တယ်...!"

"ငါတို့နှစ်ယောက်ဆိုရင်တောင် အဲဒီဝင်္ကပါကို သရေကျအောင်ပဲ ခုခံနိုင်မယ်..."

“အဲဒီလို ခွန်အားနဲ့ ဒီကမ္ဘာငယ်လေးကို မင်းတို့ ချိုးနှိမ်နိုင်မှာပဲ... သူတို့ရဲ့ ခွန်အားက ကြောက်စရာ မရှိဘူး....”

အင်ပါယာ၏ စကားဆုံးသောအခါတွင် တစ်စုံတစ်ယောက်မှ ရုတ်တရက်ပြောလိုက်သည်။

"အမ်.... အင်ပါယာဆိုင်ယန်... ကျုပ်တို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဒီကမ္ဘာငယ်လေးမှာ နတ်ဘုရားအဆင့် တည်ရှိခဲ့ဖူးတယ်.... ဒါက....”

စကားက မပြီးသေးသော်လည်း သူပြောချင်တာကို လူတိုင်းသိလိုက်သည်။

ထိုအကြောင်းအားကြားလျှင် ထိုအချက်ကို သိထားသည့်သူများမှာ လေအေးများကို ရှူသွင်းလိုက်မိကြသည်။

ဤနေရာတွင် အအားနည်းဆုံးသူသည် အင်ပါယာတစ်ပိုင်းအဆင့် ပညာရှင်ဖြစ်သော်ငြား ၎င်းတို့သည် ထိုအကြောင်းကိုကြားရရုံနှင့်ပင် အလွန်တုန်လှုပ်နေသေးသည်။

"ဒီကမ္ဘာငယ်လေးမှာ အင်ပါယာတွေ အများကြီးရှိရုံတင်မကဘူး... နတ်ဘုရားအဆင့်လည်း ရှိဖူးတယ်လို့ ပြောချင်တာလား..."

မသိသူများက မေးခွန်းများထုတ်နေကြသည်။

အင်ပါယာအဆင့်သည်ပင် ကောင်းကင်ဘုံသို့ တက်လှမ်းရသလောက် ခက်ခဲနေပြီဖြစ်သည်။

နတ်ဘုရားအဆင့်သည် အင်ပါယာအဆင့်ထက် သာလွန်သော တည်ရှိမှုများဖြစ်သည်။

အင်ပါယာ ကာရှီ နှင့် အင်ပါယာ ဆိုင်ယန် တို့၏ မျက်လုံးများ တောက်ပလာခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now