59

664 49 0
                                    

အခန်း59- ကောင်းကင်မဏ္ဍိုင်အပိုင်းအစနှင့် ပေါင်းစပ်ရန် ကြိုးပမ်းခြင်း

အပြန်လမ်းတွင် ကောင်းကင်၌ ကျောက်တိုင်ကျိုးကြီးအား မြေပြင်မှ အထက် မီတာတစ်သောင်းတွင် သယ်ယူလာခဲ့ရသည်။

ကောင်းကင်မဏ္ဍိုင်၏ အပိုင်းအစသည် လမ်းတစ်လျှောက်တွင် တိမ်များကို ကွဲကြေစေသည့် လေလှိုင်းလုံးကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေလေသည်။

ရီချန်းဂျီလည်း လျှို့ဝှက်အစွန်အဖျားဂိုဏ်းသို့ အမြန်ပြန်လာခဲ့သည်။

ပြန်ရောက်လျှင် ဥမင်၏ မြေအောက်တည့်တည့်သို့ အရင်ဆုံးသွားပြီး ကျောက်တိုင်ကျိုးကြီးကို ကျောက်ပြားအနီးတွင် ချထားလိုက်သည်။

"ဆိုတော့... ဒါကို မင်းကိုယ်တိုင် ပေါင်းစပ်ဖို့ နည်းလမ်းရှိလား"

ဝမ်...!

ရီချန်းဂျီ မျက်ခုံးပင့်လိုက်မိသည်။

“ဒါက ငါနဲ့ အနီးဆုံးနေရာက အပိုင်းအစတစ်ခုလို့ ထင်ရပေမယ့် နည်းနည်းတော့ ပျက်စီးနေသေးတယ်။ ပြုပြင်ဖို့ လိုတယ်...”

သူ လိုအပ်သည့် ပစ္စည်းများကို စတင်စုစည်းနေပြီဖြစ်သည်။

စနစ်သို့ ဝင်ရောက်ခြင်းမှ ရရှိသော ပြုပြင်နည်းကို အခြေခံ၍ ရီချန်းဂျီမှာ ၎င်းကို စမ်းကြည့်ချင်နေလေသည်။

နောက်ဆုံးတွင် ကမ္ဘာအကာအရံကိုတည်ဆောက်သည့် အစီအရင်ဝင်္ကပါသည် အစီအရင်အုတ်မြစ်ကို သန့်စင်ရန် စတင်နေပြီဖြစ်သည်။

ကောင်းကင်မဏ္ဍိုင်ကြီးကို ပြုပြင်ခြင်း မလုပ်ဆောင်သေးပေ။

"မိုးကြိုးမြက်၊ ဝိဉာဉ်နှစ်မြုတ်နွံနှစ်၊ သိမ်မွေ့မီးတောက်၊ ချီလင်သွေး၊ ယွမ်စီ၊ နေဇာကောင်းကင်ပန်း၊ လျှပ်စီးဝါး..."

ရီချန်းဂျီ သူ့ပစ္စည်းများကို ထုတ်ယူကာ ရေတွက်ကြည့်နေခြင်း ဖြစ်သည်။ လိုအပ်သည်များ အားလုံး လုံလောက်နေသေးကြောင်း သူတွေ့လိုက်ရသည်။

"ဒါပြီးရင် မင်းကို ပြင်ဖို့ ငါကြိုးစားပေးမယ်...။"

ကောင်းကင်မဏ္ဍိုင်ကြီးကို နှုတ်ဆက်ပြီးနောက် ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ ကိရိယာတန်ဆာပလာများကို ထုတ်ပြီး ပြုပြင်ရန် လိုအပ်သည့်ပစ္စည်းများကို စတင်လုပ်ဆောင်တော့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now